စာတိုက်များမှတစ်ဆင့် အငြိမ်းစားဝန်ထမ်းများ မြေကွက်လျှောက်ထားမှုများပြားလာ


ရန်ကုန် ဇန်နဝါရီ ၁၈

လူမှုကွန်ရက် စာမျက်နှာပေါ်၌ အငြိမ်းစားဝန်ထမ်းများ မြေကွက် လျှောက်ထားနိုင်ကြောင်း သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အငြိမ်းစားဝန်ထမ်း များအနေဖြင့် ဗဟိုစာတိုက်ကြီး အပါအဝင် မြို့နယ်များရှိ စာတိုက် များမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရလိပ်မူ၍ မြေကွက်နှင့်တိုက်ခန်း လျှောက်ထားမှုများ များပြားလာ ကြောင်း စာတိုက်ရုံးများမှတစ်ဆင့် သိရသည်။

''တကယ်ပေးမယ်၊ မပေးမယ် တော့မသိပါဘူး။ တရားဝင်ကြေညာ ချက်ထုတ်ပြန်သွားတာလည်း မရှိပါ ဘူး။ လူအများလျှောက်နေတာကြားလို့ လာပြီး လျှောက်လွှာတင်ကြည့် တာပါ။ တကယ်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့'' ဟု သာကေတ မြို့နယ်စာတိုက်သို့ လာရောက် လျှောက်ထားသော အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်ဖြူဖြူက ပြောသည်။

''ကျွန်တော်တို့ကတော့ ဒါ လျှောက်ဖို့ သတင်းကြားတာ နှစ်ရက် လောက်တော့ရှိပြီ။ ပင်စင်စာအုပ်၊ အိမ်ထောင်စုစာရင်း၊ လျှောက်လွှာ တို့ကိုမိတ္တူတွဲပြီး စာတိုက်ကနေ တစ်ဆင့် တိုင်းဒေသကြီးအစိုးရ လိပ်မူပြီး လျှောက်ထားတာပါ။ တိုက်ခန်း သို့မဟုတ် မြေကွက်ပေါ့'' ဟု လာရောက် လျှောက်ထားသူ ဦးဝင်းမြင့်က ပြောသည်။

သို့ရာတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရတာဝန်ရှိသူများက တရားဝင် မြေကွက်လျှောက်လွှာများ ခေါ်ယူ ခဲ့ခြင်းမရှိကြောင်း ပုဂ္ဂလိကသတင်း မီဒီယာတချို့၌ ဖော်ပြထားသည်။
လွန်ခဲ့သည့် သောကြာနေ့က လူမှုကွန်ရက်တွင် အငြိမ်းစား ဝန်ထမ်းများ မြေကွက်လျှောက်ထား နိုင်ကြောင်း လျှောက်လွှာနှင့်အတူ ဖော်ပြလျက် ဇန်နဝါရီ ၂ဝ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့ ခဲ့သည်။

ယင်းသတင်းအပေါ် အခြေခံ လျက် တိုင်းဒေသကြီး ရပ်ကွက် များအတွင်း အငြိမ်းစားဝန်ထမ်း များ တစ်ဆင့်စကားတစ်ဆင့် ပြောကြားမှုများကြောင့် စာတိုက်များ ၌ မြေကွက်နှင့် တိုက်ခန်း လျှောက် ထားမှုများ ပိုမိုများပြားလျက်ရှိသည်။

ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်စာတိုက်၌ အငြိမ်းစားဝန်ထမ်း များမြေကွက်နှင့် တိုက်ခန်းလျှောက် ထားမှု ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိသည်ကို တွေ့ရသည်။ (အပေါ်ပုံ)

အနီးအနားတွင် လျှောက်လွှာ စာအိတ်နှင့် လျှောက်လွှာပုံစံများ ရောင်းချသူများနှင့် မိတ္တူကူးသူများ အလုပ်ဖြစ်လျက်ရှိသည်။

သတင်း-မြင့်မောင်စိုး၊
ဓာတ်ပုံ-သက္က

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စာတိုက်များမှတစ်ဆင့် အငြိမ်းစားဝန်ထမ်းများ မြေကွက်လျှောက်ထားမှုများပြားလာ  စာတိုက်များမှတစ်ဆင့် အငြိမ်းစားဝန်ထမ်းများ မြေကွက်လျှောက်ထားမှုများပြားလာ Reviewed by THITHTOOLWIN on 08:03 Rating: 5
Powered by Blogger.