မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုက အတုဖြစ်နေ

ရေငုတ်သင်္ဘောပေါ်ကနေ လွတ်တင်တဲ့ ဒုံးကျဉ်လို့ မြောက်ကိုရီးယားက ပြောပေမယ့် ယုံကြည်သူနည်းပါး (Credit: ABC licensed) 
မြောက်ကိုရီးယားက ​အရင်တစ်ပါတ်တုန်းကပဲ ​ရေငုတ်သင်္ဘောပေါ်ကနေ ​ဒုံးကျဉ်ကို ​အောင်မြင်စွာ ​စမ်းသပ်ထုတ်လွှင့်လိုက်တဲ့ ​ဗီဒီယိုကို ​ထုတ်ပြန်ခဲ့ပေမယ့် ​ကျွမ်းကျင်ပညာရှင်တွေကတော့ ​အဲဒီ ​ဗီဒီယိုဟာ ​အတုဖြစ်နေတယ်လို့ ​ဆိုပါတယ်။

မြောက်ကိုရီးယား ​နိုင်ငံဟာ ​ဇန်နဝါရီလ ​၆ ​ရက်နေ့တုန်းကလည်း ​ဟိုက်ဒရိုဂျင်ဗုံးကို ​အောင်မြင်စွာ ​စမ်းသပ်နိုင်ပြီလို့ ​ပြောဆိုခဲ့ဖူးပါတယ်။

အဲဒါ့အပြင် ​ရေငုတ်သင်္ဘောကနေ ​နျူကလီးယား ​ထိပ်ဖူးကို ​သယ်ဆောင်နိုင်တဲ့ ​ဒုံးကျဉ်ကိုလည်း ​ဒီဇင်ဘာလတုန်းက ​အောင်မြင်စွာ ​စမ်းသပ်နိုင်ခဲ့တယ်လို့ ​ရုပ်မြင်သံကြားမှာ ​ပြသလိုက်ပါတယ်။

အရင်တုန်းကတော့ ​ဒုံးကျဉ်စမ်းသပ်ပြီးတာနဲ့ ​ချက်ချင်း ​ထုတ်ပြန်လေ့ရှိပေမယ့် ​ဒီတချီမှာတော့ ​နောက်ကျမှ ​ထုတ်ပြန်တာ ​ဖြစ်ပါတယ်။

အဲဒီ ​ဗီဒီယိုကို ​ကျွမ်းကျင်ပညာရှင်တွေက ​သေခြာလေ့လာတဲ့အခါမှာ ​အချိန်အများကြီး ​ယူပြီး ​ယုံကြည်ရလောက်အောင် ​အဆင့်ဆင့် ​တည်းဖြတ်ထားတဲ့ ​ဗီဒီယို ​ဖြစ်နေတယ်လို့ ​ပညာရှင်တွေက ​ပြောပါတယ်။

အမှန်မှာတော့ ​အဲဒီ ​ဒုံးကျဉ်ကို ​ပစ်လွတ်တဲ့အခါမှာ ​အောင်မြင်မှု ​မရှိပေမယ့် ​အရင်တခေါက်က ​ပစ်လွတ်စမ်းသပ်ခဲ့တဲ့ ​ဗီဒီယိုနဲ့ ​ရောပြီး ​အောင်မြင်မှု ​ရှိတဲ့အကြောင်း ​တည်းဖြတ်လိုက်တာလို့ ​ထောက်ပြကြပါတယ်။

အဲဒါ့အပြင် ​အဲဒီ ​ဒုံးကျဉ်ကို ​ရေငုတ်သင်္ဘောပေါ်ကနေ ​လွတ်တင်တာ ​မဟုတ်ပဲ ​ရှည်လျားတဲ့ ​ကုန်တင်သင်္ဘောကနေ ​လွတ်တင်တာ ​ဖြစ်တယ်လို့ ​ပြောဆိုထားပါတယ်။

ဟိုက်ဒရိုဂျင်ဗုံးကို ​အောင်မြင်စွာ ​စမ်းသပ်နိုင်ပြီလို့ ​မြောက်ကိုရီးယားက ​ပြောဆိုတာကို ​ယုံကြည်မှု ​နည်းပါးပေမယ့်လည်း ​အဲဒီလို ​ရန်စတဲ့ ​အပြုအမှုတွေနဲ့ ​အပြောအဆိုတွေအပေါ် ​တုန့်ပြန်မှုတွေလုပ်ဖို့ ​ကြိုးစားနေကြပါတယ်။
ဟိုက်ဒရိုဂျင်ဗုံး ​စမ်းသပ်ခဲ့တုန်းက ​ပြင်းအား ​၅.၁ ​ရှိတဲ့ ​မြေငလျင် ​လှုပ်ခတ်ခဲ့တာ ​ရှိပေမယ့် ​အဲဒီ ​ပြင်းအားဟာ ​နည်းလွန်းနေပြီး ​ဟိုက်ဒရိုဂျင်ဗုံး ​မဖြစ်နိုင်ဘူးလို့ ​သုံးသပ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုက အတုဖြစ်နေ မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုက အတုဖြစ်နေ Reviewed by THITHTOOLWIN on 13:34 Rating: 5
Powered by Blogger.