ထိုင်းတွင် စီးပွားရေးကောင်းဖို့ နတ်သူငယ်အရုပ်ကို အားကိုးနေကြ


 ထိုင်းနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးနှစ်နှစ်အကြာ၌စီးပွားရေးရုန်းကန်နေရပြီး နိုင်ငံရေးအရ မတည်မငြိမ် မရေမရာ ဖြစ်နေချိန်တွင် ပြည်သူလူထုမှာ စိုးရိမ်ပူပန် မှုများဖြစ်နေသည်။

ထိုင်းပြည်သူလူထုမှာကံကိုသာအားကိုးလာကြပြီးကံကောင်း ခြင်းပေးနိုင်မည့် လူရုပ်ကလေးများကို အရူး အမူးဝယ်ယူနေကြသည်။


ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သောနိုင်ငံသည်လွန်ခဲ့သောနှစ်ပေါင်းသုံး၊ လေးဆယ်ကာလအတွင်း လျင်မြန်စွာ ခေတ်မီတိုးတက်သောနိုင်ငံဖြစ်လာအောင် လုပ်ခဲ့ကြသည်။သို့သော်လည်းထိုင်းလူမျိုးအများစုမှာအယူသီးအစွဲအလမ်းရှိကြ သည်။

ဗုဒ္ဓဘာသာယုံကြည်မှုကိုလက်ခံထားပြီးတဖက်မှလည်းနတ်ကိုးကွယ်မှု၊ ဗေဒင်လက္ခဏာနှင့် အောက်လမ်း မှော်အတတ်ပညာများကိုလည်းလိုက်စားခဲ့ကြသည်။

လာဘ်ကောင်ဟု ယူဆထားသော ယင်းပလတ်စတစ်အရုပ်ကလေးများမှာ ကလေးငယ်အရွယ်အစားခန့်ရှိပြီး လွတ်တက်(ပ်)သို့မဟုတ် 'နတ်သူငယ်'ဟု ခေါ်ဆိုထားသည်။

လူများက ယင်းအရုပ် ကလေးများကို အွန်လိုင်းမှ ၀ယ်ယူကြပြီး နောက် ယင်းအရုပ်များကို ကံကောင်းခြင်းပေးနိုင်မည့် ၀ိညာဉ်အသက်သွင်းကြသည်။


ဤနည်းဖြင့် ကံကောင်းသော နိမိတ်များ ရရှိလာသည်ဟု ယုံကြည်ကြသည်။
''စီးပွားရေးကဆိုးနေတော့ လူတိုင်းက တခုခုကိုလုပ်ဖို့ လိုအပ်နေတယ်''ဟု ယင်းနတ်သူငယ်ရုပ်ပိုင်းဆိုင်ထားပြီး ရောင်းလည်းရောင်းချနေသော မန်နန်ရာ ဘွန်မီ (၄၉)နှစ်ဆိုသော အမျိုးသမီးက ပြောသည်။

ယင်းနတ်သူငယ် အရုပ်က သူမအား အိပ်မက်ထဲတွင် ထီပေါက်ဂဏန်း ပေးခဲ့ကြောင်းလည်း ပြောသည်။

စီးပွားရေးကျဆင်းမှုက ယင်းကဲ့သို့ သွင်ပြင်လက္ခဏာကိုပို၍ ဆိုးရွားလာစေကြောင်း ထိုင်းစိတ်ကျန်းမာရေးဌာန ညွှန် ကြားရေးမှူးချူပ် ပန်ပီမွန်ဝိပူလကွန်က မှတ်ချက်ချခဲ့သည်။

''စီးပွားရေးပူပန်ရတဲ့ အခါမျိုးမှာ ဒီလို အယူအဆတွေပိုပြီး မြင့် တက်လာစေတာ ထိုင်းလူ့အဖွဲ့အစည်းမှာ အမြဲတမ်းရှိတယ်''ဟု ၎င်းက ရိုက်တာ သတင်းထောက်ကို ပြောခဲ့သည်။

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် မေလမှ စ၍ စစ်တပ်အာဏာသိမ်းအစိုးရက အုပ် ချုပ်ခဲ့သည်။

ထိုင်းဗိုလ်ချုပ်များကလာမည့် နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကတိပြုခဲ့ပြီး ပို့ကုန်အားပြုရသော စီးပွား ရေး ပြန်လည်ရှင်သန်လာစေရန် ရုန်းကန် နေကြရသည်။

ထွဋ်ဝင်းထွဋ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ထိုင်းတွင် စီးပွားရေးကောင်းဖို့ နတ်သူငယ်အရုပ်ကို အားကိုးနေကြ   ထိုင်းတွင် စီးပွားရေးကောင်းဖို့ နတ်သူငယ်အရုပ်ကို အားကိုးနေကြ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.