ထိပ်ဖူးတပ် ဒုံးကျည် စီမံကိန်းကို အမြန် အကောင်အထည်ဖော်ဖို့ အီရန်သမ္မတ အမိန့်ထုတ်


 အီရန် နိုင်ငံရဲ့ ထိပ်ဖူးတပ် ဒုံးကျည် စီမံကိန်းကို အရှိန်တိုးမြှင့်ပြီး အကောင်အထည်ဖော်ဖို့ အီရန် သမ္မတ ဟာဆန် ရူဟာနီကနေ ညွှန်ကြားချက်ထုတ် လိုက်ပါတယ်။

အီရန်ရဲ့ ထိပ်ဖူးတပ် ဒုံးကျည် စီမံကိန်း နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု က ပိတ်ဆို့ ကန့်သတ်မှု အသစ်တွေ ချမှတ်ဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာ ခဲ့တဲ့နောက် အီရန် သမ္မတ က သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနကို အခုလို အမိန့်ထုတ် ခဲ့တာ ဖြစ်ပါတယ်။


အမေရိကန် ဘက်က ပိတ်ဆို့မှု အသစ်တွေ ချမှတ်မယ် ဆိုတဲ့ အစီအစဉ်ဟာ ရန်လိုပြီး၊ အီရန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့် အပေါ် စွက်ဖက်ရာရောက်တဲ့ တရားမဝင် လုပ်ရပ် ဖြစ်တယ် ဆိုပြီး အီရန် သမ္မတ ရူဟာနီက သူ့ရဲ့ ကာဉွယ်ရေး ဝန်ကြီးဆီ ရေးတဲ့ စာထဲမှာ တွေ့ရပါတယ်။

အဲဒီ့ စာကို အီရန် အစိုးရပိုင် သတင်းအေဂျင်စီ မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ထိပ်ဖူးတပ် ဒုံးကျည် စီမံကိန်း ဟာ နိုင်ငံတကာ နဲ့ အီရန် အကြား သဘောတူမှု ရထားတဲ့ နျူကလီယာ ရည်မှန်းချက် အစီအစဉ် နဲ့လည်း ဘာမှ မသက်ဆိုင်ဘူး လို့ သမ္မတ ရူဟာနီက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ထိပ်ဖူးတပ် ဒုံးကျည် စီမံကိန်းကို အမြန် အကောင်အထည်ဖော်ဖို့ အီရန်သမ္မတ အမိန့်ထုတ်  ထိပ်ဖူးတပ် ဒုံးကျည် စီမံကိန်းကို အမြန် အကောင်အထည်ဖော်ဖို့ အီရန်သမ္မတ အမိန့်ထုတ် Reviewed by THITHTOOLWIN on 13:43 Rating: 5
Powered by Blogger.