နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တာဝန်များ ပြီးဆုံးလျှင် ပြည်ခိုင်ဖြိုး ပါတီကို ဆက်လက် ဦးဆောင်မည်

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ မဲဆွယ်စည်းရုံးမှု ပြုနေစဉ် (ဓာတ်ပုံ-ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
    နေပြည်တော်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လက်ရှိ ထမ်းဆောင်နေသော သမ္မတ တာဝန်များ ပြီးဆုံးလျှင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဆက်လက် ဦးဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ဗဟို အလုပ်အမှုဆောင် တစ်ဦးက ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ  နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် USDP ပါတီဝင်များနှင့် တွေ့ဆုံ ခဲ့ပြီး အထက်ပါအတိုင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် USDP ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရာ ၂၀၁၀ ရွေးကောက်ပွဲ အပြီး  သမ္မတ ဖြစ်လာသဖြင့် ပါတီ လုပ်ငန်းများကို ထမ်းဆောင်နိုင်ခြင်း မရှိခဲ့ဘဲ ယခု သမ္မတ တာဝန် ပြီးဆုံးချိန်တွင် ပါတီ တာဝန်များကို ပြန်လှန် ထမ်းဆောင်မည် ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် USDP အနေဖြင့် ပြည်သူ့ လွှတ်တော် အမတ်နေရာ ၃၀ နှင့် အမျိုးသား လွှတ်တော် အမတ် ၁၁ နေရာသာ အနိုင်ရရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အစိုးရဖွဲ့နိုင်သော အခြေအနေထိ အနိုင်ရရှိခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တာဝန်များ ပြီးဆုံးလျှင် ပြည်ခိုင်ဖြိုး ပါတီကို ဆက်လက် ဦးဆောင်မည်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တာဝန်များ ပြီးဆုံးလျှင် ပြည်ခိုင်ဖြိုး ပါတီကို ဆက်လက် ဦးဆောင်မည် Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.