လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး လျစ်လျူရှု ခံနေရ

လုပ်ငန်းခွင် ထိခိုက်မှု ကြောင့် အလုပ်သမားတွေ အသက် ဆုံးရှုံးရင်၊ ကိုယ်လက် အင်္ဂါ ထိခိုက်ရင် အလုပ်ရှင် ဘက် က ပေးဖို့ သတ်မှတ် ထားတဲ့ လျော်ကြေး ပမာဏ က လည်း အင်မတန် နည်း။
မြန်မာ နိုင်ငံ ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေ ထဲမှာ အလုပ်သမား တွေ ရဲ့ ဘေးကင်း လုံခြုံရေး အတွက် ကုမ္ပဏီ တွေ ဘက်က စနစ်ကျတဲ့ အစီမံ မျိုး တွေ ရှိ မနေနဲ့ အပြင် အာဏာပိုင် တွေ ဘက်က လည်း စိစစ် ကြပ်မတ် တာမျိုး တွေ လုပ်ဆောင် မနေဘူး ဆိုပြီး အလုပ်သမားရေး ရာရာ ဖြေရှင်းရေး ခုံသမာဓိ အဖွဲ့ထဲ ပါဝင်တဲ့ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး က ဝေဖန် လိုက် ပါတယ်။

ဇန်နဝါရီလ၂၄ ရက် တနင်္ဂနွေ နေ့တုန်းက ရန်ကုန် မရမ်းကုန်း မြို့နယ် ထဲမှာ ဝိသုတာရုံ ဓမ္မဗိမာန် ကျောင်းတိုက် မြေနံရံ တူးဖော် နေကြတုန်း မြေပြို ကျ ခဲ့လို့ အလုပ်သမား ၃ ဦး သေဆုံး ခဲ့ရတဲ့ နောက် ဆောက်လုပ်ရေး ကဏ္ဍ အတွက် ဖြေရှင်းရေး ခုံသမာဓိ အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ် ဦးရဲနိုင်ဝင်း က ဝေဖန် ခဲ့တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ မတော်တဆ ဖြစ်ရပ်တွေ၊ အလုပ်သမား ထိခိုက် သေဆုံးမှု တွေ ဟာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အတော်လေး ဆိုးဆိုးရွား အခြေအနေ မှာ ရှိနေတယ် လို့လည်း ဆိုပါတယ်။

ဆောက်လုပ်ရေး ကုမ္ပဏီ တွေ ဟာ အလုပ်သမားတွေ ကို တိုက်ရိုက် ငှား တာမျိုး မဟုတ်ပဲ လက်ခွဲ ကန်ထရိုက် တွေ ပေး ပုဒ်ပြတ် ခိုင်းစေ နေကြပြီး လုပ်ငန်းခွင် လုံခြုံရေး အတွက် ဘယ်လို အထောက်အကူပြု ပစ္စည်း တွေ ကိုမှလည်း ပံ့ပိုးမှု မရှိ ဘူး ဆိုပြီး တော့လည်း ဦးရဲနိုင်ဝင်း က ပြောပါတယ်။

လုပ်ငန်းခွင် ထိခိုက်မှု ကြောင့် အလုပ်သမားတွေ အသက် ဆုံးရှုံးရင်၊ ကိုယ်လက် အင်္ဂါ ထိခိုက်ရင် အလုပ်ရှင် ဘက် က ပေးဖို့ သတ်မှတ် ထားတဲ့ လျော်ကြေး ပမာဏ က လည်း အင်မတန် နည်းတယ်လို့ ဆိုပါတယ်။

လက်တစ်ချောင်းလုံး ပြတ်သွားရင်တောင် လျော်ကြေး အနေနဲ့ ကျပ် ၄ သိန်း ကျော် ပေး ရတဲ့ အတွက် အလုပ်ရှင် တွေ ဘက်က ဂရုစိုက်မှု နည်းပါးတယ် လို့ ဦးရဲနိုင်ဝင်း က ထောက်ပြ ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးမှု ဦးသော်ဒါ ကတော့ အာဏာပိုင်တွေ ဘက်က သင့်တော်တဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး သင်တန်းတွေ ပေးနေသလို ကုမ္ပဏီတွေဘက်က လိုက်နာဖို့ ကြပ်ကြပ် မတ်မတ် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး လျစ်လျူရှု ခံနေရ  လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး လျစ်လျူရှု ခံနေရ Reviewed by THITHTOOLWIN on 06:00 Rating: 5
Powered by Blogger.