ထိုင်းနိုင်ငံသားနှစ်ဦးထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


တာချီလိတ် ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ဆွိဒရင်းဝေါလ် တည်းခိုခန်းတွင် လာရောက်တည်းခိုနေသော ထိုင်းနိုင်ငံသားနှစ်ဦးထံမှ လက်နက်ခဲယမ်းများကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက သိမ်းဆည်းရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဇန်နဝါရီ ၂၅ ရက် ည ၁၂ နာရီ ၁၅ မိနစ်က ထိုင်းနိုင်ငံသားတစ်ဦး ပစ္စတိုသေနတ် တစ်လက်ဖြင့်ရောက်ရှိနေကြောင်း သတင်းအရ မြို့မရဲစခန်းနှင့် တာဝန်ရှိသူများက တည်းခိုခန်း အခန်းအမှတ် (A-1)အား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်း၌ ထိုင်းနိုင်ငံသား နှစ်ဦးအား တွေ့ရှိရပြီး အိပ်ရာဘေး၌ မူးယစ်ဆေးဝါးရှူရာတွင် အသုံးပြုသည့် ပိုက်တပ်လျက် ဖန်ပုလင်း တစ်လုံး၊ ဖုန်းတစ်လုံး၊ အိပ်ရာခြေရင်းရှိ ပလတ်စတစ်အံဆွဲအတွင်းမှ ပစ္စတိုသေနတ် တစ်လက်၊ 9MM ကျည် ၁၁ တောင့်ပါ ကျည်ကတ်တစ်ခု၊ ကျည် ၁ဝ တောင့်ပါ ကျည်ကတ်တစ်ခု၊ ကျည်အတောင့် ၅ဝ ပါ ကျည်ဘူးတစ်ဘူး၊ ကျည် ၄၇ တောင့်ပါ ကျည်ဘူးတစ်ဘူး စုစုပေါင်း ကျည် ၁၁၈ တောင့်၊ အခြားအထောက်အထားပစ္စည်းများနှင့် တိုယိုတာကားတစ်စီး (လိုင်စင်မဲ့)တို့ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့သည်။

အဆိုပါ တရားမဝင်လက်နက်ခဲယမ်းများ လက်ဝယ်ထားကိုင်ဆောင်သူ ထိုင်းနိုင်ငံသား နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

ထိုင်းနိုင်ငံသားနှစ်ဦးထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ  ထိုင်းနိုင်ငံသားနှစ်ဦးထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 08:56 Rating: 5
Powered by Blogger.