မြန်မာဟိုက်ကာအဖွဲ့ကို ထိုင်းရဲကလိုက်လံဖမ်းဆီးနေ


လိပ်ကျွန်းလူသတ်မှုကိစ္စ သေဒဏ်တရားစီရင်ချမှတ်မှုအပေါ် တရားမျှတမှုမရှိဘူးဆိုပြီး blink hacker group ဆိုသော ဟိုက်ကာအဖွဲ့မှ ထိုင်းရဲတပ်ဖွဲ့၏၀ပ်ဆိုက်များကို တိုက်ခိုက်နေသောဟိုက်ကာအဖွဲ့သည် မြန်မာဟိုက်ကာ အဖွဲ့ဖြစ်ကြောင်း ထိုင်းရဲမှူးကြီး မစ်စတာဒေချနရုံက အတည်ပြုပြောကြားသွားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ၀ပ်ဆိုက် အသီးသီးကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ရက်နေ့ကတည်းက ဖွင့်လို့မရတော့ပဲ ၀န်ထမ်းတွေအလုပ်ရပ်နားခဲ့ရပါတယ်။ ၎င်းနဲ့ပတ်၍ ကွန်ပျူတာနှင့် တက်နိုလော်ဂျီအက်ဥပဒေပုဒ်မအရ ပြစ်မှုကျူးလွန်သူ မြန်မာဟိုက်ကာအဖွဲ့ကို လိုက်လံဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်းပြောသွားပါတယ်။

လက်ရှိမှာ သက်သေအထောက်အထားတွေ စုဆောင်းပြီး ဤတပါတ်အတွင်း အမှုဖွင့်နိုင်တော့မယ်လို့လည်း ထည့်သွင်းပြောကြားသွားပါတယ်။

MTF Channel
https://www.facebook.com/mtftv
မြန်မာဟိုက်ကာအဖွဲ့ကို ထိုင်းရဲကလိုက်လံဖမ်းဆီးနေ  မြန်မာဟိုက်ကာအဖွဲ့ကို ထိုင်းရဲကလိုက်လံဖမ်းဆီးနေ Reviewed by THITHTOOLWIN on 14:38 Rating: 5
Powered by Blogger.