အသီးအနှံများ ကြီးထွားရန်နှင့် ၀င်းဝါရန် ဓာတုဆေးသုံးစွဲမှု ပိုမိုများပြားလာ


ခေတ်မီ ဓာတုဆေးပစ္စည်းများ အလွန်ပေါများလာသည့် ခေတ်တွင် ယနေ့ စားသုံးသူများ ဝယ်ယူနေကြ သည့် အသီးအနှံများသည် ဓာတ်မြေ သြဇာ ပိုမိုသုံးစွဲမှုနှင့် ဆေးဆိုးမှုများ ပိုမိုများပြားလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အငြိမ်းစား ပါမောက္ခ ဆရာဝန်ကြီး ဦးကျော်သာလှအေးက ပြောသည်။

ယနေ့ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးသီးနှံ ပိုမိုထွက်ရှိရေးနှင့် သီးနှံကြီးထွားရန် ဓာတ်မြေသြဇာများ ပိုမိုသုံးစွဲလာလျက်ရှိသည်။ ထို့အပြင် ဈေးကွက်အတွင်း ရောင်းပန်းလှနိုင် ရန်အတွက် သီးနှံစိမ်းများအား ဓာတုဆေးရည် သုတ်လိမ်းမှုများကို လည်း ဈေးဝန်းကျင်တွင် နေထိုင်သူ များ နေ့စဉ်နှင့်အမျှ မြင်တွေ့နေရ သည်။

စာရေးသူအိမ်အနီးမှ ငှက်ပျော သီးဒိုင်တွင် ညနေမှရောက်လာသော ငှက်ပျောသီးအဖီးများအား ညရှစ်နာရီ ခန့်တွင် ဇလုံအတွင်းရေဖြင့် ဖျော်စပ် ထားသော ဓာတုဆေးရည်အား ငှက်ပျောသီးအဖီးများ အပေါ်တွင် သုတ်လိမ်း၍ အဝတ် သို့မဟုတ် အုပ် ဆောင်းတစ်ခုဖြင့် လုံခြုံစွာအုပ်ဆိုင်း ထားလိုက်ပါက နံနက်ဈေးအမီ ဝင်းဝါ စိုပြည်သော ရောင်းပန်းလှသီးနှံအဖြစ် သို့ ရောက်ရှိသွားသည်ကို တွေ့ရ သည်။
ထို့ကြောင့် ယနေ့ကာလတွင် သဘာဝအတိုင်းသီးမှု၊ သဘာဝ အတိုင်းမှည့်မှုနှင့် မူလအရသာအတိုင်း စားသုံးရန် အလွန်မှပင်ရှားပါးသွား ပြီဖြစ်သည်။ ထိုကြောင့် သဘာဝ အတိုင်း အသီးအနှံများစားသုံး နိုင်ရန်အတွက် မိမိအိမ်ခြံအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရန် အထူး လိုအပ်လာပြီဖြစ်သည်။

ဓာတုမြေသြဇာများ ပိုမိုထည့် သွင်းစိုက်ပျိုးဖြစ်ထွန်းလာသော သီးနှံ များ၊ အရောင်လှရန် ဆေးစိမ်ထား သော သီးနှံများအား စားသုံးလာခြင်း ကြောင့် အနိမ့်ဆုံး ဝမ်းပျက်၊ ဝမ်း လျှော၊ ဝမ်းကိုက်ရောဂါမှ သန္ဓေ သား ချို့ယွင်းလာခြင်း၊ အဆုတ် ရောဂါ၊ နှလုံးရောဂါများဖြစ်လာနိုင် ခြင်းအပြင် ဦးနှောက်နှင့် အာရုံကြော များထိခိုက်လာခြင်း၊ နောက်ဆုံး အဆင့် ကင်ဆာဝေဒနာခံစားမှုများဝင်လာနိုင်ကြောင်း ဆရာဝန်ကြီး တစ်ဦး၏ အသီးအနှံများနှင့်ဓာတု ဆေးများအကြောင်း ဟောပြောပွဲ တစ်ခုတွင် နားထောင်ခဲ့ဖူးသည်။

ထို့ကြောင့် ဈေးများအတွင်း ရောင်းချနေသော သီးနှံများဝယ်ယူ ကြရာတွင် လိုအပ်သည်ထက်ပိုမို မှည့်ဝင်းနေသော သီးနှံများ၊ သဘာဝ ထက်ပိုမိုကြီးထွားနေသော သီးနှံများ ကို ဝယ်ယူစားသုံးခြင်းမှ ရှောင်ကြဉ် သင့်ကြောင်း ဒေသန္တရကျန်းမာရေး ဌာနမှ တာဝန်ခံဆရာဝန်တစ်ဦးက မြို့နယ်ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင် ထည့်သွင်းပြောကြား ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပညာ ပေးနှိုးဆော်မှုများတွင် ထိုကဲ့သို့ သော သီးနှံများဝယ်ယူစားသုံးခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်နှင့် စားသုံးရန် ဝယ်ယူမိသည့်အခါတိုင်းရေဖြင့်စင်ကြယ်စွာ ဆေးကြောခြင်း၊ စနစ်တကျ ချက်ပြုတ်ပြီးမှသာ စားသုံးရန်သင့်ကြောင်း အခါအား လျော်စွာ နှိုးဆော်မှုများပြုလုပ်လျက် ရှိနေသည့်အပြင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ စည်ပင် တို့ပူးပေါင်း၍ ရက်လွန်အစားအစာ များရောင်းချခြင်းနှင့် ဓာတုဆိုးဆေးများသုံးစွဲရောင်းချခြင်းတို့အား ရှောင် တခင်လိုက်လံ စစ်ဆေးမှုများပြုလျက် ရှိကြောင်း သိရသည်။

သတင်း-အဝယ်တော်ဖိုးထော် ဓာတ်ပုံ-ဘော်ဂါသွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အသီးအနှံများ ကြီးထွားရန်နှင့် ၀င်းဝါရန် ဓာတုဆေးသုံးစွဲမှု ပိုမိုများပြားလာ  အသီးအနှံများ ကြီးထွားရန်နှင့် ၀င်းဝါရန် ဓာတုဆေးသုံးစွဲမှု ပိုမိုများပြားလာ Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.