တိုင်းရင်းသားကျေးရွာ အတွင်း အလုံပိတ်တဲများကို ရှင်းလင်းဖျက်သိမ်း


ရန်ကုန်၊ ဇန်န၀ါရီ ၈

 ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Fair Trade Col.Ltd သို့ B.O.T စနစ်ဖြင့် နှစ်(၃၀)ငှားရမ်းထားသည့် မြေဧရိယာ (၁၀)ဧကတွင် ပင်လုံစားသောက်ဆိုင်အပါအ၀င် ထပ်မံငှားရမ်းထားသော စားသောက်ဆိုင် (၁၂)ဆိုင်အနက် ဓနိမိုး၊ ဓနိအကာအလုံပိတ်
တဲဖြင့် ရောင်းချသော စားသောက်ဆိုင်များမှာ ရခိုင်ရင်သွေးစားသောက်ဆိုင်မှ တဲ(၈)လုံး၊ မနောစားသောက်ဆိုင်မှတဲ(၁၀)လုံး၊ တိုင်းရင်းသား စားသောက်ဆိုင်မှတဲ(၈)လုံး၊ ရွှေညောင်ပင် စားသောက်ဆိုင်မှတဲ(၁၀)လုံး၊ ရွှေကုက္ကိုစားသောက်ဆိုင်မှ တဲ(၉)လုံး၊ နှင်းဝတ်ရည် စားသောက်ဆိုင်မှ တဲ(၁၀)လုံး စုစုပေါင်း(၅၅)လုံးတို့အား ဆောက်လုပ်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတဲများအားဖျက်သိမ်းခဲ့ရာ ၇.၁.၂၀၁၆ ရက်နေ့ ၁၉၀၅ အချိန်တွင် အလုံပိတ်တဲများ အားလုံးကို ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း Yangon Police (facebook) စာမျက်နှာမှာ ဖော်ပြထားပါသည်။


 အလုံပိတ်တဲများနှင့် ပတ်သက်၍ ၆.၁.၂၀၁၆ ရက်နေ့ ၁၀၃၀ အချိန်က ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတာဝန်ခံ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မိုးက အလုံပိတ် တဲများ ဆောက်လုပ်ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံကာ ၈.၁.၂၀၁၆ ရက်နေ့တွင် ၎င်းတဲများကို အပြီးဖျက်သိမ်းပေးရန် မှာကြား ထားကြောင်း၊ အဆိုပါ စားသောက်ဆိုင်များမှ ဓနိမိုး၊ ဓနိကာတဲတစ်လုံးလျင် စားပွဲ(၁)လုံး၊ ထိုင်ခုံ(၄)လုံးထည့်သွင်းပြီး လူ(၄)ဦး စားသောက်နိုင်ကြောင်း၊ မိသားစုလိုက် လာရောက် စားသောက်ခြင်းများရှိပြီး တစ်ခါတရံ စုံတွဲများ လာရောက် စားသောက်လေ့ရှိကြောင်း သိရှိရပါသည်။


 အများပြည်သူ အပန်းဖြေ အနားယူသည့် နေရာတွင် အမြင်မတင့်တယ်သော အလုံပိတ်တဲများ ဆောက်လုပ်ကာ စားသောက်ဆိုင်ဖွင့်လှစ်နေသည့် ဆိုင်များအား ရှင်းလင်းပြီးကြောင်းနှင့် အဆိုပါ အလုံပိတ်တဲများ
ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Yangon Police (facebook) သတင်းမှာ ဖော်ပြထားပါသည်။

ဓါတ်ပုံ ။ ။ Yangon Police

တိုင်းရင်းသားကျေးရွာ အတွင်း အလုံပိတ်တဲများကို ရှင်းလင်းဖျက်သိမ်း  တိုင်းရင်းသားကျေးရွာ အတွင်း အလုံပိတ်တဲများကို ရှင်းလင်းဖျက်သိမ်း Reviewed by THITHTOOLWIN on 15:12 Rating: 5
Powered by Blogger.