ကိုယ်စားလှယ်သစ်များ တက်ရောက်မည့် လွှတ်တော်သစ် ကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေ


ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ဇန်န၀ါရီ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်များတွင် အပြီးလုပ်ဆောင်ရမှာဖြစ်ပြီး ကော်မတီအသီးသီး၏ သုံးသပ်ချက်များ တင်နေကြပြီဖြစ်ကြောင်း သိရသည်။

၂၈-၁-၂၀၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ် သည်။ တဖန် ၂၆-၁-၂၀၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယကမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး နောက်ဆုံးနေ့လယ်စာ မိတ်ဆုံထမင်းစားပွဲပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းသို့ တက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တအာင်း (ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီတို့မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၇၃) ယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၀၁) ယောက်၊ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၈) ယောက် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် အယောက် (၂၉၂) ဦးတို့သည် စည်ပင်ဧည့်ရိပ်သာသို့ ဇန်န၀ါရီ ၂၅ ရက်နေ့က ရောက်ရှိလာကြရာ တာဝန်ရှိသူများမှ ကိုယ်စားလှယ်များအစဉ်ပြေစွာ နေထိုင်နိုင်ရေး ကြိုဆိုနေရာချထားလျက်ရှိကြောင်း သိရှိရသည်။

ဧည့်ရိပ်သာအတွင်း အဆောင်လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူထားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူနာတင်ယာဉ်(၂)စီး အသင့်ထားပေးခြင်းများ ပြုလုပ်ထားကြောင်း တွေ့ရှိ့ရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကိုယ်စားလှယ်သစ်များ တက်ရောက်မည့် လွှတ်တော်သစ် ကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေ  ကိုယ်စားလှယ်သစ်များ တက်ရောက်မည့် လွှတ်တော်သစ် ကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေ Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.