မိုင်းရှူးစစ်ဘေးရှောင်ဒေသခံ ၅၀၀ ကျော် လုံခြုံမှုမရှိသည့် ဇာတိရွာထံ ပြန်မနေဖို့ဆုံးဖြတ်


ဂျန္နဝါရီ ၂၅ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်းရှိ စစ်ဘေးေ ရှာင်ကျေးလက် ရွာသား ၅၀၀ ကျော်သည် နေရပ်ရင်းရွာတွင် စစ်သုံြးေ မမြှုပ်မှိုင်းများ၊ လက်ကျန် ဗုံးများ ရှိနေသေးသည့်အပြင် စစ်ပွဲကာလ အိုးအိမ် လယ်ယာမြေများ ပျက်စီးကုန်ပြီဖြစ်သဖြင့် နေရပ်ပြန်မနေဖို့ ဆုံးဖြတ် လိုက် ကြကြောင်းသိရသည်။

မိုင်းရှူးမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်များ ရာဂဏန်းရှိနေသေးကြောင်း၊ မိုင်းရှူးမြို့ အ နောက် တောင်ဘက် ၇ မိုင်အကွာ ဟိုင်းပါရွာ တွင် ၁၀၀၀ ကျော် ရှိသေးကြောင်း၊ထိုအထဲမှ ကုန်းနိမ်ရွာသူရွာသား ပလောင်လူမျိုးများနှင့် ၊ နမ့်ပါ မုန်းရွာသူရွာသား လီဆူး နှင့် ပလောင် လူမျိုး ၅၀၀ ကျော်တို့ က နေရပ်ပြန် မနေရရေးအတွက် ကူညီကယ်ဆယ်ရေးကော်မတီ ထံ အကူ အညီတောင်း ခံကြသည်ဟု ဆိုသည်။

“နမ့်ပါမုံးက လီဆူးနဲ့ ပလောင်လူမျိုးတွေ၊ နောက်ပြီး ကုန်းနိမ်က တော့ ပလောင်တွေကြီးဘဲ။ သူတို့ကို နေရပ်ပြန်မပို့ဖို့ လာပြောတယ်။ သူတို့က ရွာမှာ ပြန်မနေဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ဘာလို့ဆိုတော့ သူတို့မှာ နေ အိမ် လဲ တော်တော်ပျက်စီးတယ်။ အိမ်မွေးတိရစ္ဆာန်တွေ၊ ကျွဲတွေ နွားတွေ လဲ မရှိတော့ဘူး။ အဲဒါအပြင် ကျကျန်ခဲ့တဲ့ မကွဲသေးတဲ့ ဗုံးတွေ၊ မြေမြှုပ်မှိုင်းတွေ ရှိနေလို့ ကြောက်နေကြတယ်။ ရွာပြန်နေဖို့” - ဟု ကူညီရေးအဖွဲ့က နန်းစိန် က ပြောသည်။

ကုန်းနိမ် တွင် ကျွဲ ၂၆၂ ကောင် ၊ နွား၂၃၉ ကောင် ၊ ၀က် ၂၈၉ ကောင်၊ ကြက် ၁၁၇ ကောင် ၊ ဆိုင်ကယ် ၁၉ စီး ၊ ဆန်စက် ၆ လုံး ၊ စပါးတင်းပေါင်း ၅၀၀ ကျော် ၊ ပြောင်းတင်းပေါင်း ၁၀၀၀ ကျော် ပျက်စီး ဆုံးရှုံးသည်ဟု သျှမ်း လူငယ်ကွန်ယက်က လိုက်လံစာရင်းကောက်ယူနေသူ တဦးက ပြောသည် ။

ကုန်းနိမ်ရွာတွင် မိသားစု ၁၃၀ ကျော် လူဦးရေ ၅၀၀ ကျော်ရှိ ကြောင်း၊ နမ့်ပါ မုံးရွာ သီးသန့် လူဦးရေ အတိအကျ မသိရသေးကြောင်း၊ နေရပ်ပြန်ဖို့ ငြင်း ဆန် နေသူများ ၆၀၀ ကျော်နိုင် ကြောင်းပြောသည်။ ဝမ့်ဟိုင်းဌာနချုပ် ရုံး အရာ ရှိတဦးက နေရပ် မပြန်လိုသည့် ရွာသားများ အတွက် ဝမ်းရေးအတွက်စိုက် ပျိုးနေထိုင်နိုင်သည့် နေရာစီစဉ်ပေးသွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သို့ပြောသည်။

၂၀၁၅ အောက်တိုဘာ ၆ ရက် နိုဝင်ဘာလနှောင်းပိုင်းအထိ ကျေးသီး မြို့ နယ် နှင့် မိုင်းရှူးမြို့နယ် တွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ် စခန်းများအား အစိုးရ တပ်မတော် မှ ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ဒေ သခံ တစ်သောင်းကျော်နေရပ် မှ စွန့်ခွါခဲ့ရသည်။

၂၀၁၅ ဒီဇင်ဘာလဆန်းပိုင်းက နှစ်ဘက်ခေါင်းဆောင်က အပစ်ရပ်ရေး၊ တပ် ဆုတ်ခွါရေး သဘောတူညီချက်ကြောင့် ဒေသခံ တချို့နေရပ်ပြန်ေ နကြပြီ ဟု ဆိုသော်လည်း တထောင် ကျော်က နေရပ်ပြန်ဖို့ရန် မိမိလုံခြုံရေး အတွက် စိုးရိမ်နေဆဲဖြစ်သည်။ နှစ်ဘက် တပ်များ ဆုတ်ကြပြီဟုဆိုသော်လည်း လက် တကမ်းသာ ဆုတ်သောကြောင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည်ဟု လည်း ဒေသခံများက ပြောဆိုနေကြသည်။

သျှမ်းသံတော်ဆင့် (ဖြူဟွမ်)
Panglong(Burmese)
https://www.facebook.com/Panglong.burmese
မိုင်းရှူးစစ်ဘေးရှောင်ဒေသခံ ၅၀၀ ကျော် လုံခြုံမှုမရှိသည့် ဇာတိရွာထံ ပြန်မနေဖို့ဆုံးဖြတ်  မိုင်းရှူးစစ်ဘေးရှောင်ဒေသခံ ၅၀၀ ကျော် လုံခြုံမှုမရှိသည့် ဇာတိရွာထံ ပြန်မနေဖို့ဆုံးဖြတ် Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.