ဒုတိယမြောက် မားစ် လူနာ ထိုင်းမှာတွေ့ရှိ

သုဝဏ္ဏဘူမိ လေဆိပ်တွင် ဝန်ထမ်းတစ်ဦးက ဒီဂျစ်တယ် သာမိုမီတာဖြင့် ကျန်းမာရေး စစ်ဆေးနေစဉ် (ဆင်ဟွာ)
    ဘန်ကောက်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနက မားစ် (Middle East Respiratory Syndrome= MERS) ရောဂါ ကူးစက်ခံရသည့် ဒုတိယမြောက် လူနာအား ရှာဖွေတွေ့ရှိကြောင်း ဇန်နဝါရီလ ၂၄ ရက် အတည်ပြု ကြေညာလိုက်သည်။

အသက် ၇၁ နှစ်အရွယ် အိုမန် အမျိုးသား တစ်ဦးတွင် ရောဂါပိုးကူးစက်ခံရမှုကြောင့် သီးသန့်ခွဲထားရကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး Piyasakol Sakolsatayadorn ၏ ပြောစကားအား ကိုးကား၍ နေရှင်း သတင်းစာက ဖော်ပြထားသည်။

အဆိုပါ လူနာသည် ထိုင်းနိုင်ငံသို့ ဇန်နဝါရ်ီလ ၂၂ ရက် ရောက်ရှိလာခဲ့ပြီး ကျန်းမာရေးဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်း နှင့် တက္ကစီမောင်းသူ တစ်ဦး အပါအဝင် ၎င်းနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခဲ့သူ ၃၇ ဦးအား ကျန်းမာရေးဆိုင်ရာ အာဏာပိုင်များက ရှာဖွေနေကြောင်း သိရသည်။

လက်ရှိ၌ ရောဂါပိုး ကူးစက်ခံရသူသည် အခြေအနေ ကောင်းမွန်လျက်ရှိသော်လည်း ၎င်း၏ ကလေးများနှင့် လည်း သီးသန့်ခွဲ နေရဆဲ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လက အသက် ၇၅ နှစ်အရွယ် အိုမန် အမျိုးသား တစ်ဦးမှာပင် ပထမဆုံး မားစ် ကူးစက်ရောဂါ အား တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ယင်းလူနာမှာ အခြေအနေ ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရ သည်။

(Xinhua)
http://www.xinhuamyanmar.com
ဒုတိယမြောက် မားစ် လူနာ ထိုင်းမှာတွေ့ရှိ ဒုတိယမြောက် မားစ် လူနာ ထိုင်းမှာတွေ့ရှိ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.