ဗိုလ်တစ်ထောင်မြို့နယ် ရှိဗလီတစ်ခုအတွင်း လူစိမ်းကုလားတစ်ရာကျော်တွေ့ရှိသတင်းအား Yangon Police မှဖြေရှင်း

ဗိုလ်တစ်ထောင်မြို့နယ်ရှိဗလီတစ်ခုအတွင်းလူစိမ်းကုလားတစ်ရာကျော်တွေ့ရှိသတင်းအား Yangon Police Facebook စာမျက်နှာ၌အောက်ပါအတိုင်းဖြေရှင်းခဲ့သည်၊



ဖြစ်စဉ်မှန်သတင်းအား ဖော်ပြအသိပေးခြင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

၁၀.၁၂.၂၀၁၅ ရက်နေ့ ၀၀၂၈ အချိန်တွင် "ဗိုလ်တစ်ထောင် ဗလီအတွင်း လူစိမ်းကုလား ၁၀၀ ကျော်စစ်ဆေးတွေ့ရှိ" ခေါင်းစဉ်ဖြင့် လူမှုကွန်ယက် အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည့် “ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ ၁၀ရပ်ကွက်၊ ၄၈ လမ်းရှိ ဗလီကို ရှောင်တခင် ရက်ကွက်အုပ်ချုပ်ရေးမှုးမှ ဝင်ရောက်စစ်ဆေးရာ မှတ်ပုံတင်မရှိ ဧည့်စာရင်းဖြင့် မူဆလင်ကုလား လူစိမ်း ၁၀၀ကျော် ထွေအုပ်ရုံးက တွေ့ရှိခဲ့သည်ဟုသိရှိရသည်။ ဒီလိုစစ်ဆေးမှုဟာတစ်လ တစ်ခါပုံမှန်လုပ်ကြောင်းဟုဆိုပါတယ်။ အဆိုပါ လူစိမ်း ၁၀၀ကျော် မိထားသည့်ကိစ္စကို သက်ဆိုင်ရာသို့ အကြောင်းကြားသော်လည်း သတင်းမပေါက်ကြားဖို့သာ ပြောဆိုပြီးဘာမှ အရေးယူဆောက်ရွတ်ခြင်းမရှိဟု သိရှိရသည်။ အိန္ဒိယ၊ဘင်္ဂလားဒေရှ်နှင့် ရခိုင်ပြည်နယ်မှ ခိုးဝင်လားသော ဗမာစကားမပြောတတ်သည့် မူဆလင် ခေါ်တောကုလား တွေကို ဗလီတော်တော်များများမှာ ဗမာစကားပြောတတ်အောင်သင်ပေးပြီး နောက်မှ မူဆလင်များသည့် မြို့နယ်နှင့် ရပ်ကွက်များသို့ဖြန့် ကျက်လေ့ရှိကြောင်းဟုစုံစမ်းရရှိသည်။ အလုပ်တွေကိုတော့ တောင်တဂုံ စက်မှုဇုံက မူဆလင်ပိုင်ဆိုင်တွေဆီပို့ထားပြီး ၊ လူရေလည်လာပြီ ဆိုမှ မြို့အတွင်းပိုင်းဖြစ်သည့် တာမွေ၊ ပန်ဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ သင်္ကန်းကျွန်း၊ ဒေါပုံ၊ အနော်မာအစရှိတဲ့ မူဆလင်ပိုင်ဆိုင်တွေမှာ ခွဲဝေအလုပ်ပေးထားကြောင်း စုံစမ်းရရှိသည်။ ခိုးဝင်လာသူတွေက လမ်းခရီးမှာဖမ်းမိခဲ့ရင် ဖြေရှင်းဖို့ဆောဒီအာရေဗျနှင့် အာရပ်နိုင်ငံများမှ ထောက်ပံ့ထားသည့် ငွေဖြင့်ပြည်တွင်းသို့ ခေါ်တောကုလားတွေကို ခိုးသွင်းသည့် မူဆလင်ကွန်ရက်မှ လိုက်လံဖြေရှင်းပေးလေ့ရှိကြောင်း စုံစမ်းရရှိသည်။အဆိုပါကိစ္စကို ပြည်ထဲရေနှင့်လဝက ဝန်ကြီးဌာနတို့ ထိထိရောက်ရောက် အရေယူပေးဖို့ အသိပေးဖော်ပြလိုက်ပါတော့သည်။” စသည်ဖြင့်သတင်းဖော်ပြခဲ့မှုမှာ လူမှုကွန်ယက်အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်ကိုသိရှိရပါသည်။

ဖြစ်စဉ်သတင်းနှင့်ပတ်သက်၍ ၁၀.၁၂.၂၀၁၅ ရက်နေ့ ၀၉၀၀ အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ၄၇ လမ်း၊ အမှတ်(၁၈၁/၁၈၃)ဗလီသို့ ဗိုလ်တထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့မရဲစခန်းမှတပ်ဖွဲ့ ၀င်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဗလီမှာ ကုရ်အာန်ကျမ်းဘာသာရေးစာသင်ကျောင်းနှင့်တွဲဖက်ကာ ဘာသာရေးစာပေများကို နေ့စဉ် ၀၈၀၀ အချိန်မှ
၁၆၀၀ အချိန်ထိ သင်ကြားပေးလျက်ရှိကြောင်း၊ ၎င်းကျောင်းတွင် စာသင်ကျောင်းသား (၁၆၃)ဦးရှိပြီး ညအိပ်စာသင်ကျောင်းသား(၁၁၉)ဦးနှင့်နေ့ချင်းပြန်စာသင်ကျောင်းသား (၄၄)ဦး ရှိကြောင်း၊ စာသင်ကျောင်းသားများ၏ အသက်မှာ (၁၀)နှစ်မ (၂၀)နှစ်အတွင်းဖြစ်ကြောင်း၊ စာသင်ကျောင်းသားများသည် ရန်ကုန်မြို့နှင့်အခြားနယ်မြို့များမှလာရောက်သင်ကြားသူများဖြစ်ပြီး စာသင်နှစ်မှာ (၃)နှစ်ဖြစ်ကြောင်း၊ ၎င်းစာသင်သားများအား သင်ကြားရေးဆရာ(၁၆)ဦးတို့မှသင်ကြား ပေးနေခြင်းသာဖြစ်ကြောင်း၊ တရားမ၀င်ခိုးဝင်လာသူများပါဝင်မှုမရှိကြောင်း စစ်ဆေးသိရှိ
ခဲ့ရပါသည်။ အဆိုပါလူမှုကွန်ယက်အင်တာနက်စာမျက်နှာ၌ ဖော်ပြပါရှိသည့်ဖြစ်စဉ်အား စိစစ်ခဲ့ရာတွင် သတင်းရေးသားဖော်ပြထားသကဲ့သို့မဟုတ်ဘဲ စစ်ဆေးတွေ့ရှိသည့်ဖြစ်စဉ်အမှန်အား အသိပေးဖော်ပြ
အပ်ပါသည်။"  ဟုဖော်ပြရေးသားထားခဲ့ခြင်းဖြစ်သည်၊

(Yangon Police)

https://www.facebook.com/yangonpolice
ဗိုလ်တစ်ထောင်မြို့နယ် ရှိဗလီတစ်ခုအတွင်း လူစိမ်းကုလားတစ်ရာကျော်တွေ့ရှိသတင်းအား Yangon Police မှဖြေရှင်း ဗိုလ်တစ်ထောင်မြို့နယ် ရှိဗလီတစ်ခုအတွင်း လူစိမ်းကုလားတစ်ရာကျော်တွေ့ရှိသတင်းအား Yangon Police မှဖြေရှင်း Reviewed by Staff Writer on 10:44 Rating: 5
Powered by Blogger.