ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကျောင်းသားများကို ဖိအားပေး ဆေးရုံဆင်းခိုင်းဟုဆို



ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံနေသော လက်ပံတန်းသပိတ်မှအကြမ်းဖက် ဖမ်းဆီးခံ ကျောင်းသားရှစ်ဦးသည် ရန်ကုန်ဆေးရုံကြီးတွင် ဝေဒနာ မသက်သာသေးဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဖိအားပေးဆင်းခိုင်းသည်ဟု ပဲခူးဗကသခရိုင် ဥက္ကဋ္ဌ မျိုးထက်ပိုင်က ပြောသည်။

`ကျွန်တော်တို့ကိုအကြမ်းဖက်ဖမ်းဆီးတုန်းကဦးခေါင်းအက်သွားတဲ့သူရှိတယ်။ ဆီးခုံအောင့်နေတဲ့သူတွေရှိတယ်။ ကျွန်တော်ဆိုအစာအိမ်လည်းရောင်နေတယ်။ ဦးခေါင်းကွဲသွားတာလည်းမချုပ်ပေးဘူး။ အခုခေါင်းနဲ့ မျက်လုံးတဖက်ကိုက်နေတယ်။ လက်ကလည်းထုံကျင်ကိုက်ခဲနေတယ်။ လိုအပ်တဲ့ဆေးကုသမှုတွေမရသေးဘဲအာဏာပိုင်ကဖိအားပေးလို့ ဆင်းခိုင်းနေတဲ့ သဘောရှိတယ်`ဟု ၄င်းက ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံနေသော မျိုးထက်ပိုင်၊ ကိုဝေယံထွန်း၊ ဦးခင်အောင်ဝင်း၊ ကိုမင်းမင်းဇော်၊ ကိုကျော်စွာလင်း၊ ကိုထွဋ်၊ ကိုဘိုဘိုမျိုး၊ ကိုအောင်မှိုင်းဆန်းတို့ကို ဆေးရုံကဆင်းခိုင်းနေကြောင်း သိရသည်။

(News Watch)

https://www.facebook.com/NewsWatchJournal
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကျောင်းသားများကို ဖိအားပေး ဆေးရုံဆင်းခိုင်းဟုဆို ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကျောင်းသားများကို ဖိအားပေး ဆေးရုံဆင်းခိုင်းဟုဆို Reviewed by Staff Writer on 12:01 Rating: 5
Powered by Blogger.