ရုရှားသူလျှိုတစ်ဦးအား ခေါင်းဖြတ်သတ် ပြီးနောက် ISIS က ရုရှားအစိုးရကို စိန်ခေါ်




ဘေရွတ် ၊ ၄-၁၂-၂ဝ၁၅

ဆီးရီးယားနိုင်ငံရှိ ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့သည် အာရတ်ကာ ပြည်နယ်မှ ရုရှားသူလျှို တစ်ဦးအား ခေါင်းဖြတ် သတ်ထားသော ဗီဒီယိုဖိုင်ကို ဒီဇင်ဘာ ၂ ရက်က ၄င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြ ခဲ့ကြောင်း ZEE News သတင်းတစ်ရပ် အရ သိရသည်။

ရုရှားနိုင်ငံသည် ဆီးရီးယား အစိုးရကို ထောက်ခံသော အားဖြင့် စက်တင်ဘာ ၃ဝ ရက်မှစ၍ ဆီးရီးယား နိုင်ငံအတွင်းရှိ ISIS အစ္စလာမ်မစ် စစ်သွေးကြွ များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင် သည် ရုရှား၏ လေကြောင်း တိုက်ခိုက်မှုများ စတင် လုပ်ဆောင်ချိန် မှစ၍ ပထမဆုံး  ရုရှားနိုင်ငံသားတစ်ဦးအား ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့က ခေါင်းဖြတ် သတ်မှုကို ဖော်ပြထားသော ဗီဒီယိုဖိုင် ဖြစ်သည်။

အဆိုပါ ရုရှားသူလျှိုသည် ယခင် ဓားစာခံများ အတိုင်း လိမ္မော်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ၄င်းသည် ရုရှား ထောက်လှမ်းရေး အဖွဲ့အတွက် ISIS အဖွဲ့နှင့် ပတ်သက်သော သတင်း အချက်အလက် များကို ရယူပေးခဲ့ သည်ဟု ဝန်ခံခဲ့ကြောင်း စစ်သွေးကြွ တစ်ဦးက ရုရှားဘာသာ စကားဖြင့် ၄င်း ဗီဒီယိုဖိုင်တွင် ပြောကြား ထားသည်။

ထို့အပြင် ရုရှားတပ်ဖွဲ့ဝင် များကို ဆက်လက် တိုက်ခိုက် သွားမည်ဟု အဆိုပါ စစ်သွေးကြွ က ရုရှား အစိုးရအား တိုက်ရိုက် စိန်ခေါ်ပြောကြား ခဲ့ကြောင်း သိရသည်။

( Pyi Chit Thar )

http://www.pyichitthar.com/
ရုရှားသူလျှိုတစ်ဦးအား ခေါင်းဖြတ်သတ် ပြီးနောက် ISIS က ရုရှားအစိုးရကို စိန်ခေါ် ရုရှားသူလျှိုတစ်ဦးအား ခေါင်းဖြတ်သတ် ပြီးနောက် ISIS က ရုရှားအစိုးရကို စိန်ခေါ် Reviewed by Staff Writer on 13:24 Rating: 5
Powered by Blogger.