ရုရှားသူလျှိုဟု ယူဆရသူ ငါးဦးကို ISIS အဖွဲ့က ခေါင်းဖြတ်ကွပ်မျက်





မော်စကို ၊ ၁၁-၁၂-၂ဝ၁၅

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့၏ သတင်း အချက်အလက် များအား လျှို့ဝှက် ထောက်လှမ်း ခဲ့သည်ဟု ယူဆရသည့် ရုရှား နိုင်ငံသား ငါးဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုရှားနိုင်ငံသား များသည် လျှို့ဝှက် အဖွဲ့အစည်း ကွန်ရက်တစ်ခု ပေါ်သို့ သတင်း အချက်အလက်များ ပေးပို့ခဲ့ပြီး နောက် ISIS အစ္စလာမ္မစ် စစ်သွေးကြွ တို့၏ ခေါင်းဖြတ် ကွပ်မျက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ဆီးရီးယား နိုင်ငံ ရက်ကာမြို့ရှိ အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်နေသည့် သတင်းထောက် တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ARA သတင်းဌာန က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့ စခန်းများအား စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေသည့် အခြားရုရှား သူလျှိုများ ကိုလည်း ဖမ်းဆီးရန် ကြိုးပမ်း နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အလားတူ ဆီးရီးယားနိုင်ငံ ရက်ကာမြို့၌ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ရုရှားနိုင်ငံသား အေနာတိုလီဇမ်လ် ရန်ကာ က ရုရှားသူလျှိုဟု ယူဆရသည့် မာဂိုမတ်ခါ့စီရီးဗ် ဆိုသူအား ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့် ဗီဒီယိုဖိုင် တစ်ခုကို ဒီဇင်ဘာ ၂ ရက်တွင် ၄င်းတို့၏ ဝက်ဘ်ဆိုက်၌ ထုတ်လွှင့်ပြသ ခဲ့ကြောင်း သိရသည်။

(Pyi Chit Thar)

http://www.pyichitthar.com/
ရုရှားသူလျှိုဟု ယူဆရသူ ငါးဦးကို ISIS အဖွဲ့က ခေါင်းဖြတ်ကွပ်မျက် ရုရှားသူလျှိုဟု ယူဆရသူ ငါးဦးကို ISIS အဖွဲ့က ခေါင်းဖြတ်ကွပ်မျက် Reviewed by Staff Writer on 10:48 Rating: 5
Powered by Blogger.