IS ကို ပူးပေါင်းချေမှုန်းဖို့ ဖိလစ်ပိုင်နဲ့ သြစီတို့ သဘောတူ





သြစတြေးလျနဲ့ ​ဖိလစ်ပိုင်နိုင်ငံတို့က ​IS ​အစ္စလာမ်မစ် ​အဖွဲ့ကို ​ချေမှုန်းဖို့ ​သဘောတူခဲ့ကြပြီး ​သြစတြေးလျက ​ဖိလစ်ပိုင်နိုင်ငံရဲ့ ​ထောက်လှမ်းရေး ​လုပ်ငန်းတွေမှာ ​အကူအညီပေးမှာ ​ဖြစ်ပါတယ်။

အရှေ့တောင် ​အာရှမှာ ​အကြမ်းဖက်မှုတွေ ​မဖြစ်အောင် ​ထောက်လှမ်းရေး၊ ​စောင့်ကြည့်ရေးနဲ့ ​စုံစမ်းရေးတွေမှာ ​သြစတြေးလျ ​အစိုးရက ​ဖိလစ်ပိုင်ကို ​ကူညီဖို့ ​ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသား ​အယောက်ပေါင်း ​၂ ​သန်းလောက်ဟာ ​အရှေ့အလယ်ပိုင်းဒေသမှာ ​အလုပ်လုပ်ကိုင်နေကြပြီး ​အဲဒီထဲက ​တချို့ ​လူတွေ ​IS ​အဖွဲ့ကို ​အားကျတာမျိုး ​ဖြစ်မှာကို ​ဖိလစ်ပိုင်က ​စိုးရိမ်နေပါတယ်။

အရှေ့တောင် ​အာရှကို ​တထောက်နားတဲ့ ​နေရာအဖြစ် ​အသုံးပြုပြီး ​အဲဒီကနေတဆင့် ​ဆီးရီးယားနဲ့ ​အီရတ်လို ​နိုင်ငံကို ​သွားလာတာမျိုး ​လုပ်တဲ့အခါ ​စောင့်ကြည့် ​စုံစမ်းမှုတွေ ​လုပ်ဖို့နဲ့ ​အချက်အလက်တွေ ​ဖလှယ်ကြဖို့ ​ဖိလစ်ပိုင်နဲ့ ​သြစတြေးလျတို့ ​သဘောတူခဲ့ကြပါတယ်။

အခုလောလောဆယ် ​ဖိလစ်ပိုင်နိုင်ငံက ​အစ္စလာမ်မစ် ​စစ်သွေးကြွ ​အဖွဲ့ ​အနည်းဆုံး ​၅ ​ခုလောက်က ​IS ​နဲ့ ​ပူးပေါင်းလိုကြောင်း ​ထုတ်ဖော်ပြောဆိုထားပါတယ်။

မကြာသေးခင်တုန်းကလည်း ​Mindanao ​ပြည်နယ်မှာ ​IS ​ကို ​ထောက်ခံသူလို့ ​ယူဆရတဲ့ ​လူ ​၈ ​ယောက်ကို ​ဖိလစ်ပိုင်လုံခြုံရေး ​သမားတွေက ​ပစ်သတ်လိုက်ပါတယ်။

အဲဒီ ​ပြည်နယ်က ​ဒေသခံ ​၁၀၀၀ ​လောက်ဟာ ​IS ​အဖွဲ့ဝင်တွေ ​ဖြစ်တယ်လို့ ​ပြောဆိုမှုတွေ ​ရှိပါတယ်။


(Radio Australia)

http://www.radioaustralia.net.au/

IS ကို ပူးပေါင်းချေမှုန်းဖို့ ဖိလစ်ပိုင်နဲ့ သြစီတို့ သဘောတူ IS ကို ပူးပေါင်းချေမှုန်းဖို့ ဖိလစ်ပိုင်နဲ့ သြစီတို့ သဘောတူ Reviewed by Staff Writer on 10:22 Rating: 5
Powered by Blogger.