IS ခေါင်းဆောင်ကို ဖမ်းဖို့ ကန်အထူး တပ်ဖွဲ့ ပို့မယ်

အမေရိကန် စစ်သားများ (Credit: ABC) 
အီရတ်နိုင်ငံအတွင်းက ​IS ​အဖွဲ့အပေါ် ​ဝင်ရောက်စီးနှင်းဖို့နဲ့ ​IS ​ခေါင်းဆောင်ကို ​ဖမ်းဆီးဖို့အပြင် ​IS ​က ​ဖမ်းဆီးထားတဲ့ ​လူတွေ ​လွတ်မြောက်ရေးတွေ ​အတွက် ​အမေရိကန်ရဲ့ ​အထူးတပ်ဖွဲ့ကို ​စေလွတ်မယ်လို့ ​အမေရိကန် ​အစိုးရက ​ပြောလိုက်ပါတယ်။

အီရတ်နိုင်ငံသာမက ​ဆီးရီးယား ​နိုင်ငံအတွင်းမှာလဲ ​ဆီးရီးယားနဲ့ ​ပူးပေါင်းခြင်း ​မရှိတဲ့ ​စစ်ဆင်ရေးတွေ ​ပြုလုပ်သွားဖို့ ​ရှိတယ်လို့ ​အမေရိကန် ​ကာကွယ်ရေးရာ ​ဝန်ကြီး ​Ash ​Carter ​က ​က ​ပြောသွားခဲ့ပါတယ်။

မကြာသေးခင်တုန်းက ​အမေရိကန်ကနေ ​ထောက်ခံထားတဲ့ ​ဆီးရီးယား ​သူပုန်တွေကို ​ကူညီဖို့ ​အထူး ​စစ်သား ​အယောက် ​၅၀ ​ကို ​စေလွတ်မယ့်အကြောင်း ​ကြေညာခဲ့ဖူးပါတယ်။

အခုလောလောဆယ် ​အမေရိကန် ​စစ်သား ​၃၅၀၀ ​က ​အီရတ် ​စစ်မြေပြင်မှာ ​ရောက်ရှိနေပြီး ​တခြားနိုင်ငံကပါ ​ပါဝင်ဖို့ ​တိုက်တွန်းထားပါတယ်။

အထူးသဖြင့် ​အရှေ့အလယ်ပိုင်းက ​ဆော်ဒီအာရေးဗီးယားလို ​နိုင်ငံကို ​ပါဝင်ဖို့ ​တိုက်တွန်းထားပါတယ်။

ပြင်သစ်နဲ့ ​သြစတြေးလျကတော့ ​ဝေဟင်တိုက်ခိုက်မှုမှာသာ ​ပါဝင်မှာ ​ဖြစ်ပြီး ​စစ်မြေပြင်ကိုတော့ ​စစ်သားတွေ ​ပို့ဆောင်မှာ ​မဟုတ်ဘူးလို့ ​ဆုံးဖြတ်ထားပါတယ်။

အခု ​ထပ်မံ ​စေလွတ်မယ့် ​အထူးတပ်ဖွဲ့မှာ ​ဘယ်နှစ်ယောက် ​ပါဝင်သလဲ ​ဆိုတာ ​အမေရိကန် ​အစိုးရက ​မပြောထားပေမယ့် ​အယောက် ​၅၀ ​ထက် ​ပိုမယ်လို့သာ ​ပြောဆိုထားပါတယ်။

အဲဒီ ​တပ်ဖွဲ့က ​ဖမ်းဆီးခံရသူတွေကို ​ကယ်ဆယ်ရေးတွေ၊ ​ထောက်လှမ်းရေးလုပ်ငန်းတွေအပြင် ​IS ​ခေါင်းဆောင်တွေကို ​ဖမ်းဆီးရေးတွေ ​လုပ်ဆောင်သွားမယ်လို့ ​ပြောသွားခဲ့ပါတယ်။

By North America correspondent Michael Vincent, wires
http://www.radioaustralia.net.au/burmese
IS ခေါင်းဆောင်ကို ဖမ်းဖို့ ကန်အထူး တပ်ဖွဲ့ ပို့မယ် IS ခေါင်းဆောင်ကို ဖမ်းဖို့ ကန်အထူး တပ်ဖွဲ့ ပို့မယ် Reviewed by THITHTOOLWIN on 11:51 Rating: 5
Powered by Blogger.