ပြည်မြို့တွင် လူတစ်ဦးဓာတ်လိုက်၍ တိုက်ပေါ်မှပြုတ်ကျသေဆုံး


 ပြည် ဒီဇင်ဘာ ၁

 ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် နိုဝင်ဘာ ၃ဝ ရက် ညနေ ၃ နာရီခွဲခန့်က လူတစ်ဦး ဓာတ်လိုက် ၍ တိုက်ပေါ်မှပြုတ်ကျသေဆုံးမှု ဖြစ် စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့ နတ်တလင်း အုပ်စု ဂမ္ဘီလာရွာနေ ထွန်းထွန်း (၂၅)နှစ်သည် မြို့သစ်(၅)လမ်း ဘုရင့်နောင် လမ်းဘက်ခြမ်းရှိ Stell Dragon စတီး အလှဆင်ဆိုင် တိုက်သစ် ပထမထပ် တွင်ကြွေပြားကပ်နေစဉ် ဟန်ချက် ပျက်ပြီး လက်ဖြင့် အနီးရှိ လမ်းဘေး ဓာတ်ကြိုးအား ရုတ်တရက်လှမ်းဆွဲ လိုက်ရာ ဓာတ်လိုက်၍ မြေပြင်ပေါ် ပြုတ်ကျပြီး ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ပြည်မြို့မရဲစခန်းက သေမှုသေခင်းရေး ဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မျိုးရန်ပိုင်ဝင်း
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပြည်မြို့တွင် လူတစ်ဦးဓာတ်လိုက်၍ တိုက်ပေါ်မှပြုတ်ကျသေဆုံး  ပြည်မြို့တွင် လူတစ်ဦးဓာတ်လိုက်၍ တိုက်ပေါ်မှပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.