လမ်းမတော်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ




နေပြည်တော် ဒီဇင်ဘာ ၁၄

မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် မင်္ဂလာဈေးဝင်းရှိ ''ရွှေမြို့တော်''တည်းခိုခန်း အခန်း အမှတ်(၅၁၅)သို့ ဝင်ရောက် ရှာဖွေရာ အခန်းအတွင်း သက်နိုင်ဦး(ခ)ကုလား အား တွေ့ရှိရပြီး ၄င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၅ ပြားကို လည်းကောင်း၊ ဒီဇင်ဘာ ၁၃ ရက်က လမ်းမတော်မြို့နယ် (၈)ရပ်ကွက် အောင်ရတနာလမ်း သခင်မြ ပန်းခြံ အနီးတွင် AA ပရိုဘောက်အဖြူရောင် ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်တွင် မျိုးတင်အောင်(ခ)ဂဏန်း၊ နောင် နောင်(ခ)သုနောင်နှင့် သားသား(ခ)ကျော်လင်းတို့ သုံးဦးအားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၉၉၅ ပြား နှင့် ဘိန်းဖြူအလေးချိန် သုည ဒသမ ဝ၁ဝ၆ ဂရမ်တို့ကို သိမ်းဆည်းရမိ သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များ ဆိုင်ရာ ဥပဒေအရအရေးယူထား ကြောင်း သိရသည်။

( MOI Webportal Myanmar )

https://www.facebook.com/MOIWebportalMyanmar
လမ်းမတော်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ လမ်းမတော်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ Reviewed by Staff Writer on 15:15 Rating: 5
Powered by Blogger.