အစုလိုက်အပြုံလိုက် လူသတ်မှုတွင် ပါဝင်ခဲ့သည့် ညီအစ်ကိုနှစ်ဦးကို ဖင်လန်ရဲတပ်ဖွဲ့ဖမ်းဆီး




ISIS အဖွဲ့၏ အစုလိုက် အပြုံလိုက် လူသတ်ထားသည့် ဗီဒီယိုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည့် အီရတ်နိုင်ငံသား အမြွှာ ညီအစ်ကို နှစ်ဦးကို ဖင်လန် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ်ရှိ အဆိုပါ ညီအစ်ကို နှစ်ဦးသည် ၂ဝ၁၄ ခုနှစ် ဇွန်လ နှောင်းပိုင်းက အီရတ်နိုင်ငံ တီကရစ်မြို့၌ ISIS အဖွဲ့က လူ ၁၁ ဦးကို သတ်ဖြတ်ထားသည့် ဗီဒီယိုတွင် ပါဝင်နေသည်ဟု ယူဆရကြောင်း စုံစမ်းစစ်ဆေး သူများက ပြောကြားသည်။

အဆိုပါ သံသယရှိသူ များသည် ဖင်လန်နိုင်ငံ သို့ စက်တင်ဘာလ နှောင်းပိုင်းက ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ကို နိုင်ငံ အနောက်တောင်ပိုင်း ဖော်ဆာမြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နှင့် ၄င်းတို့သည် ယင်းဗီဒီယိုတွင် မျက်နှာဖုံး တပ်ဆင်ထားခြင်း မရှိကြောင်း စုံစမ်း စစ်ဆေးရေးမှူး ဂျာရီရာတီ က ပြောကြားသည်။

၎င်းတို့နှစ်ဦးကို ဖင်းနစ် လုံခြုံရေး ထောက်လှမ်းရေး ဌာန၏ အကူအညီဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသော်လည်း အမည်များနှင့် အသေးစိတ် အချက်အလက် များကို ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသားများ သည် ဖင်လန်နိုင်ငံ သို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် ရောက်ရှိခဲ့ခြင်း ဟုတ်၊ မဟုတ် ကိုလည်း ရာတီ က ပြောကြားထားခြင်း မရှိကြောင်း သိရသည်။

(Pyi Chit Thar)

http://www.pyichitthar.com/
အစုလိုက်အပြုံလိုက် လူသတ်မှုတွင် ပါဝင်ခဲ့သည့် ညီအစ်ကိုနှစ်ဦးကို ဖင်လန်ရဲတပ်ဖွဲ့ဖမ်းဆီး အစုလိုက်အပြုံလိုက် လူသတ်မှုတွင် ပါဝင်ခဲ့သည့် ညီအစ်ကိုနှစ်ဦးကို ဖင်လန်ရဲတပ်ဖွဲ့ဖမ်းဆီး Reviewed by Staff Writer on 12:51 Rating: 5
Powered by Blogger.