စမ်းချောင်းရဲစခန်းရှေ့၌ ဆဲရေးခဲ့သူကို ထောင်ဒဏ် ၃ နှစ် ၃ လ ပြစ်ဒဏ် ချမှတ်




ဇူလိုင်လ(၂၀)ရက်နေ့က စမ်းချောင်းမြို့နယ် ရဲစခန်းရှေ့၌ ရိုင်းပြစွာဆဲရေးခဲ့သူ ခင်မောင်မြင့်(ခ)မော်လ၀ီဟာဖိတ်ကို ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် စမ်းချောင်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်နှင့် ၃ လ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ခင်မောင်မြင့်(ခ)မော်လ၀ီဟာဖိတ်အား ပြစ်ဒဏ်ချမှတ်ရာတွင် ပြစ်မှုပုဒ်မ ၂၉၄(က) ညစ်ညမ်းစွာဆဲဆိုမှုအတွက် ထောင်ဒဏ် ၃ လ၊ ပြစ်မှုပုဒ်မ ၂၉၅(က) သာသနာညိုးနွမ်းစေမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ပြစ်မှုပုဒ်မ ၃၅၃ တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် ထောင်ဒဏ် ၁ နှစ် အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။

ခင်မောင်မြင့်(ခ)မော်လ၀ီဟာဖိတ်သည် ၂၀၀၉ ခုနှစ် ကစတင်၍ စိတ်ကယောင်ခြောက်ခြားရောဂါကြောင့် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံတွင် နှစ်ပတ်ခန့် ဆေးကုသမှု ခံယူရကြောင်း၊ ယင်းနောက် စိတ်ရောဂါဆေး သောက်နေစဉ်အတွင်၌ပင် ဗိုလ်တထောင် အစ္စလာမ်ဘာသာရေး ကျောင်းတွင် သင်ကြားရေးဆရာအဖြစ် သင်ကြားခဲ့ကာ ၂၀၁၅ မေလတွင် တဖန်ပြန်လည် စိတ်ဖောက်ပြန်လာသောကြောင့် တာဝန်မှ ရပ်စဲခဲ့ရသည်ဟု ဆိုသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal
စမ်းချောင်းရဲစခန်းရှေ့၌ ဆဲရေးခဲ့သူကို ထောင်ဒဏ် ၃ နှစ် ၃ လ ပြစ်ဒဏ် ချမှတ် စမ်းချောင်းရဲစခန်းရှေ့၌ ဆဲရေးခဲ့သူကို ထောင်ဒဏ် ၃ နှစ် ၃ လ ပြစ်ဒဏ် ချမှတ် Reviewed by Staff Writer on 15:03 Rating: 5
Powered by Blogger.