စစ်သွေးကြွများအား တိုက်ခိုက်လျက်ရှိသည့် တိုက်လေယာဉ်များကို ကနေဒါအစိုးရ ပြန်လည်ရုပ်သိမ်းမည်





ကနေဒါ အစိုးရသည် အီရတ်နှင့် ဆီးရီးယားနိုင်ငံ တို့ရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအား တိုက်ခိုက်နေသည့် တိုက်လေယာဉ် ခြောက်စင်းကို လာမည့် ရက်သတ္တပတ် အတွင်း ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြား ထားကြောင်း Zee News သတင်းတစ်ရပ် အရ သိရသည်။

အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့ များအား လေ့ကျင့်ပေးရန် အတွက် ကနေဒါ တပ်ဖွဲ့ဝင်များကို တပ်ဖြန့် နေရာချထားခြင်း သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအား တိုက်ခိုက်နေသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့ကို ပိုမိုထိထိ ရောက်ရောက် ထောက်ပံ့ ပေးနိုင်ကြောင်း၊ အဆိုပါ အစီအစဉ်ကို ရက်သတ္တပတ် အနည်းငယ်သာ လုပ်ဆောင်မည် ဖြစ်ပြီး လပေါင်းများစွာ ကြာမြင့်မည် မဟုတ်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး စတီဗင်ဒီယွန် က သတင်းထောက် များအား ပြောကြားသည်။ 

မိမိတို့အနေဖြင့် လေကြောင်း တိုက်ခိုက်မှု များကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ညွန့်ပေါင်း တပ်ဖွဲ့အတွက် ပိုမို ထိရောက်သော အကူအညီများပေးမည်ဖြစ်ပြီး စစ်ဆင်ရေး ဆင်နွှဲလျက် ရှိသည့် တိုက်လေယာဉ် များကို ကနေဒါသို့ ပြန်လည် စေလွှတ်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

သို့သော် ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအား ထိန်းချုပ်နိုင်မည့် ကြိုးပမ်း လုပ်ဆောင်ချက် များကို လျော့ပါး စေနိုင်သည့် အတွက် အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံ တို့က စိုးရိမ်ပူပန်လျက် ရှိကြောင်း သံတမန်ရေးရာ အရင်းအမြစ် များက ပြောကြား ထားသည်။

ကနေဒါနိုင်ငံ၌ ယခုနှစ်ကုန် ပိုင်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး အနိုင်ရရှိ ခဲ့ပြီးနောက် ၄င်းသည် အီရတ်နှင့် ဆီးရီးယားနိုင်ငံ တို့၌ ISIS အစ္စလာမ္မစ် စစ်သွေးကြွ  များအား တိုက်ခိုက်လျက် ရှိသည့် တိုက်လေယာဉ် များကို ရုပ်သိမ်းပေးရန် ပြည်သူများအား ကတိကဝတ် ပြုခဲ့ကြောင်း သိရသည်။


(Pyi Chit Thar)
#http://www.pyichitthar.com/
စစ်သွေးကြွများအား တိုက်ခိုက်လျက်ရှိသည့် တိုက်လေယာဉ်များကို ကနေဒါအစိုးရ ပြန်လည်ရုပ်သိမ်းမည် စစ်သွေးကြွများအား တိုက်ခိုက်လျက်ရှိသည့် တိုက်လေယာဉ်များကို ကနေဒါအစိုးရ ပြန်လည်ရုပ်သိမ်းမည် Reviewed by Staff Writer on 14:41 Rating: 5
Powered by Blogger.