လစ်ဗျားပြည်တွင်းစစ် အပစ်အခတ် ချက်ခြင်းရပ်ဖို့ နိုင်ငံတကာ ညီလာခံက တောင်းဆို

အပစ်အခတ် ရပ်စဲ နိုင်မှသာ ညွန့်ပေါင်း အစိုးရသစ် တစ်ရပ် ဖွဲ့စည်းရေး ဟာ တကယ်တမ်း အကောင်အထည် ပေါ်လာနိုင်မှာ ဖြစ်တယ်။

လစ်ဗျား နိုင်ငံ ပြည်တွင်းစစ် ရပ်စဲရေး အတွက် ရည်ရွယ်ကျင်းပ နေတဲ့ နိုင်ငံတကာ ညီလာခံ က အဲဒီ့ ပြည်တွင်း စစ်ထဲ ပါဝင် တိုက်ခိုက် နေကြတဲ့ အဖွဲ့ အားလုံး ချက်ခြင်း အပစ်အခတ် ရပ်စဲ ရေး အပေါ် သဘောတူ လက်ခံ ကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ဒီလို အပစ်အခတ် ရပ်စဲ နိုင်မှသာ ညွန့်ပေါင်း အစိုးရသစ် တစ်ရပ် ဖွဲ့စည်းရေး ဟာ တကယ်တမ်း အကောင်အထည် ပေါ်လာနိုင်မှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

အဲဒီ့ ညီလာခံကို ရောမ မြို့တော်မှာ ကျင်းပ နေတာ ဖြစ်ပြီး လစ်ဗျား နိုင်ငံရဲ့ စင်ပြိုင် အစိုးရ နှစ်ရပ် အနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ မှာ သဘောတူ လက်မှတ် ရေးထိုး နိုင်ကြဖို့ မျှော်လင့်ထား တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

လစ်ဗျား နိုင်ငံ ထဲမှာ အာဏာ ကို ချုပ်ကိုင် နိုင်ဖို့အတွက် ကွက်လပ်ကြီး ဖြစ်ပေါ် နေပြီး အဲဒီ့ ကွက်လပ် ထဲကို အကြမ်းဖက် သမားတွေ က ဝင်ရောက် နေရာယူ ထားကြတယ် လို့လည်း ဝန်ကြီး ကယ်ရီက ဆိုပါတယ်။

လစ်ဗျား နိုင်ငံထဲ နိုင်ငံရေး မတည်ငြိမ်ပဲ ပြည်တွင်းစစ် ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်း ယူကာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အပါအဝင် တခြား ဂျီဟာ့ဒ်ဝါဒီ အဖွဲ့တွေ က နိုင်ငံမှာ အင်အားတိုးချဲ့ ခြေကုပ် ယူလာ နေပါတယ်။

BBC Burmese
http://www.bbc.com
လစ်ဗျားပြည်တွင်းစစ် အပစ်အခတ် ချက်ခြင်းရပ်ဖို့ နိုင်ငံတကာ ညီလာခံက တောင်းဆို လစ်ဗျားပြည်တွင်းစစ် အပစ်အခတ် ချက်ခြင်းရပ်ဖို့ နိုင်ငံတကာ ညီလာခံက တောင်းဆို Reviewed by Unknown on 05:56 Rating: 5
Powered by Blogger.