ထောက်ခံချက် မရှိဘဲ ထုတ်လုပ်သည့် မန္တလေးမြို့မှ ရေသန့်လုပ်ငန်း (၉)ခုအား လုပ်ငန်းပိတ်သိမ်း


 မန္တလေးမြို့တော် စည်ပင်သာယာမှ ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းများ မှ သောက်ရေသန့် နမူနာ များရယူ စစ်ဆေးခဲ့ရာ ထောက်ခံချက် မရရှိဘဲ ထုတ်လုပ်နေသည့် အမှတ်တံဆိပ်များကို ဒီဇင်ဘာ ၁-ရက်နေ့ကစပြီး လုပ်ငန်း ပိတ်သိမ်း လိုက်ကြောင်း မြို့တော်စည်ပင် သာယာရေး ကော်မတီဝင် (၉) ဒေါက်တာ သွင်ကျော်ကျော်မှ ပြောသည်။

စစ်ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ကုန်သွယ်မှုမြင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲ
ရေးကော်မတီတို့ ပူးပေါင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“မဟာအောင်မြေ၊ပြည်ကြီးတံခွန်၊ အောင်မြေသာစံမြို့နယ်တွေမှာ သောက်ရေသန့်နမူနာယူပြီး စစ်ဆေး ခဲ့တယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌနက ထောက်ခံချက်ရမထားဘူး။ အဲဒီလုပ်ငန်း လုပ်တာကို ပိတ်သိမ်းလိုက်တယ်။”ဟု ၄င်းကပြောသည်။

လုပ်ငန်းပိတ်သိမ်းလိုက်သည့် သောက်ရေသန့်လုပ်ငန်းများနှင့် အမှတ်တံဆိပ်များမှာ Dragon (မြ၀တီမင်းကြိးလမ်းနှင့် ကျွဲဆည်ကန်လမ်း) Shawe Myanmar (မြ၀တီမင်းကြီးလမ်းနှင့်ဝေသာလီလမ်းကြား)၊-Skyline (မြ၀တီမင်းကြီးလမ်း)၊Clean (၅၉-လမ်း၊ပြည်ကြီးတံခွန်)- Good Luck (နန်းရှေ့)၊ ဧရာဦး(ရွေပဒေသာလမ်း)၊နဒီရေသန့်ရေခဲ(သာယာဝတီမင်းကြီးလမ်း)၊ ဆန္ဒပြည့်(စံပြလမ်းနှင့်သခင်ဖိုးလှကြီးလမ်း)၊ လမင်းသာ(မင်္ဂလာတံတားအနီး)၊ တို့ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးအတွက် သောက်ရေသန့်က အရေးကြီးတယ် လေ။တချို့ရေသန့်ဆိုပြီး ရောင်းနေကြ တာကို သောက်တဲ့သူတွေကတော့ ယုံယုံကြည်ပါ။ထုတ်လုပ် တဲ့သူတွေဘက်က မလိမ်ညာဘဲ တကယ့်အစစ်အမှန်ကို ရောင်းသင့်တယ်။”ဟု မြို့ခံတစ်ဦးကပြောသည်။

ယင်းကဲ့သို့ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးထောက်ခံချက်မရှိဘဲ ကောင်းမွန်သည့် ထုတ်လုပ် မှုနှင့် အညီ ဆောင်ရွက်ခြင်းမရှိသောကြောင့် မြို့တော်စည်ပင်မှ၂၀၁၅-ဒီဇင်ဘာ ၁-ရက်မှ စတင်ကာ လုပ်ငန်းပိတ်သိမ်းခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ထောက်ခံချက် မရှိဘဲ ထုတ်လုပ်သည့် မန္တလေးမြို့မှ ရေသန့်လုပ်ငန်း (၉)ခုအား လုပ်ငန်းပိတ်သိမ်း   ထောက်ခံချက် မရှိဘဲ ထုတ်လုပ်သည့် မန္တလေးမြို့မှ ရေသန့်လုပ်ငန်း (၉)ခုအား လုပ်ငန်းပိတ်သိမ်း Reviewed by THITHTOOLWIN on 03:57 Rating: 5
Powered by Blogger.