အဆက်အသွယ် ပြတ်တောက်နေသော ရုရှားဂြိုဟ်တု ရက်ပိုင်းအတွင်း ကမ္ဘာပေါ်ပြန်လည် ကျရောက်မည်



 ဒီဇင်ဘာ ၅ ရက်က လွှတ်တင်ခဲ့သော ရုရှားစစ်ဘက် ဂြိုဟ်တု တစ်စင်းသည် မြေပြင်စခန်းနှင့် အဆက်အသွယ် ပြတ်တောက် ပြီးနောက် ကမ္ဘာမြေပြင် ပေါ်သို့ ပြန်လည်ကျဆင်း လာပြီဖြစ်ကြောင်း ရုရှား အီတာတပ်စ် သတင်းဌာန က ထုတ်ပြန်ခဲ့ သည်ဟု သိရသည်။

မြေပြင် ထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ် ပြတ်တောက်၍ ကမ္ဘာ့လေထုလွှာ အတွင်း ပြန်လည် ဝင်ရောက် လာမည့် ကာနိုပက်စ် အက်စ်တီ အမည်ရှိ ဂြိုဟ်တုဖြစ်ပြီး အရပ်ဘက် အတွက်ရော စစ်ဘက် အတွက်ပါ အသုံးပြုနိုင်ရေး အတွက် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

အီတာတပ်စ် သတင်းဌာန၏ ဖော်ပြချက်အရ လာမည့် နှစ်ရက် မှ သုံးရက်အတွင်း ကာနိုပက်စ် ဂြိုဟ်တုသည် ကမ္ဘာ့လေထုလွှာ အတွင်း ပြန်လည် ဝင်ရောက်၍ မီးလောင် ပျက်စီးမည် ဖြစ်သည်။

၁ဝ နှစ်ကြာ တည်ဆောက်ခဲ့ ရသည့် ကာနိုပက်စ် ဂြိုဟ်တုကို အခြားဂြိုဟ်တု တစ်စင်းနှင့်အတူ ဆိုယုဇ်-၂ ဒုံးပျံဖြင့် လွှတ်တင်ခဲ့ရာ ဂြိုဟ်တု တစ်စင်းမှာ ဒုံးပျံမှခွဲထွက်၍ ကမ္ဘာပတ် လမ်းကြောင်းအတွင်း  ၀င်ရောက်သွား သော်လည်း ကာနိုပက်စ် ဂြိုဟ်တုမှာ ဒုံးပျံမှ ခွဲထွက်နိုင်ခြင်း မရှိခဲ့ဘဲ အဆက်အသွယ် ပြတ်တောက် ခဲ့ကြောင်း သတင်းများ၌ ဖော်ပြခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း ရုရှားနိုင်ငံသည် နည်းပညာများ ချို့ယွင်းချက် များကြောင့် တန်ဖိုး ကြီးမားသော ဂြိုဟ်တုများစွာ ဆုံးရှုံးခဲ့ရသည်။ ၂ဝ၁၄ ခုနှစ် အတွင်းက လည်း အဆင့်မြင့် နည်းပညာသုံး ဆက်သွယ်ရေး ဂြိုဟ်တုတစ်စင်း လွှတ်တင်ခဲ့ပြီး မကြာမီမှာပင် မြေပြင်ပေါ်သို့ ပြန်လည် ပျက်ကျခဲ့ကြောင်း သိရသည်။

(PyiChitThar)

www.pyichitthar.com
အဆက်အသွယ် ပြတ်တောက်နေသော ရုရှားဂြိုဟ်တု ရက်ပိုင်းအတွင်း ကမ္ဘာပေါ်ပြန်လည် ကျရောက်မည် အဆက်အသွယ် ပြတ်တောက်နေသော ရုရှားဂြိုဟ်တု ရက်ပိုင်းအတွင်း ကမ္ဘာပေါ်ပြန်လည် ကျရောက်မည် Reviewed by Staff Writer on 11:03 Rating: 5
Powered by Blogger.