လေကြောင်း တိုက်ခိုက်မှု တစ်ခုတည်းနှင့် စစ်သွေးကြွ များကိုချေမှုန်းနိုင်မည် မဟုတ်ဟု ကယ်ရီသတိပေး





ဘဲလ်ဂရိတ် ၊ ၄-၁၂-၂ဝ၁၅

ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့အပေါ် လေကြောင်း တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ချေမှုန်းနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ဆီးရီးယား နှင့် အာရပ်မြေပြင် တပ်ဖွဲ့ဝင်များ အနေဖြင့် ISIS အစ္စလာမ်မစ် စစ်သွေးကြွ  များကို မြေပြင် စစ်ဆင်ရေးဖြင့် တိုက်ခိုက်ရာတွင် ပါဝင် သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ဒီဇင်ဘာ ၃ ရက်တွင် သတိပေး ပြောကြား ထားသည်။

ပဲရစ်မြို့တွင် လူပေါင်း ၁၃ဝ သေဆုံး စေခဲ့သည့် ISIS အစ္စလာမ်မစ် စစ်သွေးကြွ တို့၏ အကြမ်းဖက် တိုက်ခိုက်မှု ပြီးနောက် ရက်သတ္တ သုံးပတ်ခန့် အကြာတွင် ပြုလုပ်သည့် ဗြိတိန်၏ လေကြောင်း တိုက်ခိုက်မှုများ စတင်ပြီးနောက် နာရီအနည်းငယ် အကြာတွင် ဂျွန်ကယ်ရီ က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဆီးရီးယားနိုင်ငံရှိ ISIS အစ္စလာမ်မစ် စစ်သွေးကြွ များကို ပြည်ပ လေကြောင်း တိုက်ခိုက်မှု အကူအညီ ရယူလျက် မြေပြင် စစ်ဆင်ရေးများ ဆင်နွှဲနိုင်မည့် လေ့ကျင့်သား ပြည့်ဝသော ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့ဝင် ၇ဝဝဝဝ ခန့်ရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ပြောကြား ထားသည်။

အမေရိကန်နိုင်ငံ အနေဖြင့် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ ISIS အစ္စလာမ်မစ် စစ်သွေးကြွ တို့အပေါ် မြေပြင် စစ်ဆင်ရေး လုပ်ဆောင်ရန် အထူးတပ်ဖွဲ့ဝင် များကို စေလွှတ်တပ်ဖြန့် သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၃ဝ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။

( Pyi Chit Thar )

http://www.pyichitthar.com/
လေကြောင်း တိုက်ခိုက်မှု တစ်ခုတည်းနှင့် စစ်သွေးကြွ များကိုချေမှုန်းနိုင်မည် မဟုတ်ဟု ကယ်ရီသတိပေး လေကြောင်း တိုက်ခိုက်မှု တစ်ခုတည်းနှင့် စစ်သွေးကြွ များကိုချေမှုန်းနိုင်မည် မဟုတ်ဟု ကယ်ရီသတိပေး Reviewed by Staff Writer on 13:19 Rating: 5
Powered by Blogger.