ကျေးလက်ဒေသများမီးလင်းရေး ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်မည်




ရန်ကုန် ဒီဇင်ဘာ ၅

မဟာဓာတ်အားလိုင်းမရောက်ရှိသည့် ကျေးလက်ဒေသများတွင် လျှပ်စစ်မီး ရရှိနိုင်ရန်အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေး၊ ရေ လုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာန၊ ကမ္ဘာ့ဘဏ်နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ငါးနှစ်တာစီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ‘ဒီဇင်ဘာ ၄ ရက်က ရန်ကုန်မြို့ ဆူးလေရှန် ဂရီလာဟိုတယ်၌ ကျင်းပသည့် မဟာဓာတ်အား လိုင်း ပြင်ပမီးလင်း ရေး စနစ်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မွေးမြူရေး၊ ရေလုပ် ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ‘ဒုတိယဝန်ကြီး ဦးတင်ငွေက ''ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုပြီး မဟာဓာတ်အား လိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲအကောင် အထည်ဖော်လျက်ရှိပါတယ်။

‘ဒီလို ဆောင်ရွက်တဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး Public Private Partnership အသွင်နဲ့ ဆောင်ရွက် လျက်ရှိပါတယ်။ မဟာဓာတ်အား လိုင်း ပြင်ပစနစ်နဲ့ အမျိုးသားလျှပ်စစ် မီးလင်းရေးဆောင်ရွက်တဲ့ စီမံချက် မှာလည်း မီးလင်းရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ဘတ်ဂျက်၊ ကမ္ဘာ့ဘဏ်ရဲ့ချေးငွေ၊ ဒေသခံပြည်သူတွေရဲ့ အချိုးကျ ထည့်ဝင်ငွေတို့နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ စတင်အကောင်အထည်ဖော်မယ့် မီးလင်း ရေးလုပ်ငန်းများကို ကမ္ဘာ့ဘဏ်ရဲ့ လမ်းညွှန်ချက်အတိုင်း Intrenational Competitive Bidding (ICB Method)
နဲ့ စိတ်ပါဝင်စားတဲ့ ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ ဝင်ရောက် ယှဉ်ပြိုင်လုပ် ကိုင်နိုင်မှာဖြစ်ပါတယ်'' ဟု ပြောသည်။

ထိုသို့ ကျေးလက်ဒေသမီးလင်းရေးကို လုပ်ဆောင်ရာတွင် နေရောင် ခြည်စွမ်းအင်သုံး(ဆိုလာစနစ်)ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ တစ်အိမ် သုံး ဆိုလာမီးလင်းရေးစနစ်တွင် တစ်အိမ်လျှင် မီးလုံး ၊ ဖုန်းအားသွင်းခြင်းနှင့် တီဗွီကြည့်ခြင်းများပြုလုပ်နိုင်မည့် ဝပ် (၃ဝ ၊ ၄၅ ၊ ၆ဝ ) စသည်ဖြင့် သုံးစွဲ နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်း ချက်ဖြင့် ကမ္ဘာ့ဘဏ်အုပ်စု၏ နည်းပညာအကူအညီဖြင့် အမျိုးသား အဆင့် လျှပ်စစ်မီးရရှိရေးစီမံကိန်း ( National Electrification Plan ) ကို ၂ဝ၁၄ ခုနှစ်တွင် ပြုစုရေးဆွဲခဲ့ပြီး မဟာဓာတ်အားလိုင်းများ တိုးချဲ့ခြင်းနှင့် မဟာဓာတ် အားလိုင်းများမရောက်နိုင်သည့် ကျေးလက်ဒေသများမီးလင်းရေး ဆိုသည့် နည်းလမ်းနှစ်မျိုးဖြင့်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင် ကျေးရွာပေါင်း ၂၃ဝ၈ ရွာကိုမီးလင်းနိုင်စေရန် ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၈၇၄ ရွာကို မီးလင်းနိုင်စေရန်ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

( MOI Web Portal Myanmar )

https://www.facebook.com/MOIWebportalMyanmar
ကျေးလက်ဒေသများမီးလင်းရေး ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်မည် ကျေးလက်ဒေသများမီးလင်းရေး ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်မည် Reviewed by Staff Writer on 17:09 Rating: 5
Powered by Blogger.