ATM ကတ်အတုဖြင့် ငွေလိမ်ထုတ်သူ နိုင်ငံခြားသားကို ငွေကျပ် သိန်း ၄၀၀ ကျော်ဖြင့် ဖမ်းဆီးရမိ



ရန်ကုန်နှင့်မန္တလေးတွင် ATM စက်များမှ ငွေလိမ်လည်ထုတ်ယူသူ ဘူဂေးရီးယားနိုင်ငံသား Milen Atanasov (ပတ်စပို့နံပါတ် - 382336567) ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ City Star Hotel အခန်းနံပါတ် ၄၀၃ တွင် ဒီဇင်ဘာ ၁၁ မနက် ၃ နာရီအချိန်က ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိချိန်တွင် သက်သေခံပစ္စည်းအဖြစ် ငွေသား ကျပ် ၄၉၂ သိန်း၊ ဗီဇာကတ်အတု၊ Mastro ကတ်အတု၊ မာစတာကတ်အတုတို့အား သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် အဆိုပါ ဘူဂေးရီးယားနိုင်ငံသားအား ကမာရွတ်ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။








(News Watch)

https://www.facebook.com/NewsWatchJournal
ATM ကတ်အတုဖြင့် ငွေလိမ်ထုတ်သူ နိုင်ငံခြားသားကို ငွေကျပ် သိန်း ၄၀၀ ကျော်ဖြင့် ဖမ်းဆီးရမိ ATM ကတ်အတုဖြင့် ငွေလိမ်ထုတ်သူ နိုင်ငံခြားသားကို ငွေကျပ် သိန်း ၄၀၀ ကျော်ဖြင့် ဖမ်းဆီးရမိ Reviewed by Staff Writer on 13:38 Rating: 5
Powered by Blogger.