viber မှတစ်ဆင့်နှစ်နှစ်ကြာရင်းနှီးခဲ့သူက တွေ့ဆုံရန်ချိန်းဆိုပြီး ပစ္စည်းလုယက်ထွက်ပြေး


 ထုံးအိုင် နိုဝင်ဘာ ၂၄

 မြဝတီမြို့နေ့ မ…- (၂၄) နှစ်အား လွန်ခဲ့သော နှစ်နှစ်ခန့်က viber မှတစ်ဆင့် ရင်းနှီးခဲ့ပြီး ပြင်ပတွင် မြင်တွေ့ဖူးခြင်းမရှိခဲ့သူ မောင်သီသီ ဆိုသူက ဘားအံတွင် တွေ့ဆုံရန် ချိန်းဆိုသဖြင့် နိုဝင်ဘာ ၂၁ ရက်က ညီမဝမ်းကွဲတော်စပ်သူနှင့်အတူ ၎င်း၏ ကိုယ်ပိုင်ယာဉ်Honda Fit ဖြင့် မြဝတီမှ ဘားအံသို့ ဆင်းလာခဲ့ကြောင်း၊ လမ်းတွင် ဖုန်းဖြင့် ဆက်သွယ်မှုအရ နောင်လုံတောင်ကြားသို့ မောင်းနှင်လာရာ ကော့ထမလိန်ကျေးရွာအုပ်စု ကံ့ကော်တစ်ထောင် ဘုရားအနီးအရောက်တွင် မောင်သီသီက ဖုန်းဆက်ပြီး မ……၏ ယာဉ်ကို တွေ့ပြီဖြစ်၍ ရပ်ပေးရန် ဖုန်းဆက်ပြောခဲ့ကြောင်း၊ ထို့ကြောင့် ရပ်ပေးခဲ့ရာVigo အနက်ရောင်ယာဉ် (နံပါတ်မမှတ်မိ) က ၎င်းတို့ယာဉ်နောက်တွင် ပိတ်ရပ်ပြီး အခြားအမျိုးအစားမသိ ယာဉ်တစ်စီးက ရှေ့မှ ပိတ်ရပ်ခဲ့ကြောင်း၊ ထို့နောက် အမျိုးသား လေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဆင်းလာပြီး အမျိုးသားလေးဦးအနက် မ…-- နှင့် လွန်ခဲ့သော နှစ်နှစ်ခန့်က လပိုင်းမျှချစ်ကြိုက်ခဲ့ဖူးသူ ရွှေဓူဝံ (၂၄နှစ်) က မ…---၏ နားထင်အား ပစ္စတိုသေနတ် ဖြင့်ချိန်ကာ ပါလာသော အမျိုးသမီးက မ…--၏ ဆံပင်အား ဆွဲပြီး ယာဉ်ပေါ်မှ လမ်းဘေးသို့ ဆွဲချ ကန်ကျောက်ခဲ့ကြောင်း၊ ထို့ပြင် မ…--၏ ညီမ ဝမ်းကွဲအားလည်း ယာဉ်ပေါ်မှ ဆွဲချထား
ခဲ့ပြီး မော်တော်ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားကြ ကြောင်း သိရသည်။

ယာဉ်ပေါ်၌ i Phone နှစ်လုံး၊ ipad တစ်လုံး၊ ကင်မရာတစ်လုံး၊Samsung Note 2 တစ်လုံး၊ စိန်လော်ကတ်သီး တစ်ခု၊ နာရီမျိုးစုံ သုံးလုံး၊ ငွေကျပ် ၁ဝ သိန်းနှင့် မိန်းကလေးအသုံးအဆောင် များပါ အိတ်လေးလုံး စုစုပေါင်း ကာလတန်ကြေး သိန်း ၈ဝ ခန့်တို့ပါသွားကြောင်း ထုံးအိုင်နယ်မြေ စခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ရွှေဓူဝံနှင့် အပေါင်းပါ များအား ဖမ်းဆီးရမိရေးအတွက် ဆက်စပ် ရဲစခန်း များနှင့် ချိတ်ဆက်ပြီး စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
viber မှတစ်ဆင့်နှစ်နှစ်ကြာရင်းနှီးခဲ့သူက တွေ့ဆုံရန်ချိန်းဆိုပြီး ပစ္စည်းလုယက်ထွက်ပြေး   viber မှတစ်ဆင့်နှစ်နှစ်ကြာရင်းနှီးခဲ့သူက တွေ့ဆုံရန်ချိန်းဆိုပြီး ပစ္စည်းလုယက်ထွက်ပြေး Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.