လွိုင်ကော်မြို့နယ် NLD အနိုင်ရ တိုင်းရင်းသားရေးနေရာ ရမဲပိုနည်း


ယနေ့ည ၁၀ နာရီခွဲအချိန်တွင် လွိုင်ကော်မြို့နယ် ကော်မရှင်ရုံးတွင် မဲရလဒ် ထုတ်ပြန်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လွှတ်တော်အားလုံး အနိုင်ရရှိခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါက်တာဒေါ်ခင်စည်သူက ၃၃၃၄၄ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးခင်မောင်ညိုက ၁၅၇၄၃ မဲရရှိသည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါက်တာအောင်ကျော်ဌေးက ၁၅၆၅၃ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးမော်ရယ်က ၇၃၈၂ မဲဖြစ်သည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးတင်မြင့်က ၁၄၆၄၃ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ဦးတင်ဦးက ၈၆၇၅ မဲဖြစ်သည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဖြေးရယ်(ခ)ဦးမြင့်သန်းထွန်း က ၁၅၇၆၃ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးပီမောင်စိုးက ၈၁၅၄ မဲ ဖြစ်သည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးရှေးရယ်ရှုမောင်က ၁၄၀၈၇ မဲ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးလူရယ်ဖိုးလူက ၈၁၉၅ မဲ ဖြစ်သည်။

လွိုင်ကော်မြို့နယ်အတွင်း ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ရလဒ်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးသောင်းဌေး က ၅၅၉၀ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဦးလှမျိုးဆွေး က ၈၀၁၉ မဲ ဖြစ်သည်။

ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ရှုံးနိုမ့်နေသော်လည်း တစ်ပြည်နယ်လုံးအချုပ်ကို ယခုတစ်ချိန်တည်း မကြေငြာသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌက တပါတည်းကြေငြာသွားမည်လည်းဖြစ်နိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကျော်ဆန်းဝင်းကပြောသည်။

ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes
လွိုင်ကော်မြို့နယ် NLD အနိုင်ရ တိုင်းရင်းသားရေးနေရာ ရမဲပိုနည်း   လွိုင်ကော်မြို့နယ် NLD အနိုင်ရ တိုင်းရင်းသားရေးနေရာ ရမဲပိုနည်း Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.