NLD ဗဟိုကော်မတီဝင်တွေနဲ့ အပစ်ရပ် ၅ ဖွဲ့ က ခေါင်းဆောင်တွေ တွေ့ဆုံ

 တိုင်းရင်းသား အဖွဲ့က ခေါင်းဆောင်တွေဟာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ဆက်သွယ် ခဲ့
နိုဝင်ဘာလ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟို ကော်မတီဝင် တွေနဲ့ အပစ်ရပ် လက်မှတ်ထိုး ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့ ၅ ဖွဲ့ က ခေါင်းဆောင်တွေဟာ ၂ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ပြီးဆုံးစဉ် အချိန်မှာ တိုင်းရင်းသား အဖွဲ့က ခေါင်းဆောင်တွေဟာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ဆက်သွယ် ခဲ့ကြပြီးနောက်မှာ ပါတီ က ဗဟို ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ သဘောတူညီ ခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရ ဖြစ်လာမဲ့ NLD ပါတီနဲ့ အပစ်ရပ် လုပ်ငန်းစဉ်များ ဆောင်ရွက်တဲ့ အခါ ချောမွေ့စွာ အကောင်အထည် ဖော် ဆောင်ရွက် နိုင်ဖို့ အတွက် သွားရောက် တွေ့ဆုံ ခဲ့တာ ဖြစ်ကြောင်း ကျောင်းသား တပ်မတော် ABSDF က ဒုတိယ ဥက္ကဌ ဦးမျိုးဝင်း က ဘီဘီစီကိုပြောပါတယ်။

ပါတီ ဟာ ငြိမ်းချမ်းရေး ကို ဦးတည် ဆောင်ရွက် နေတဲ့ ပါတီ ဖြစ်တာကြောင့် NCA စာချုပ်နဲ့ ပါတ်သက်လို့ လွှတ်တော် အတွင်း ဆွေးနွေးကြမှာ တွေကို တိုင်းရင်းသားတွေ ဘက်က စိုးရိမ်ပူပန်မှု မရှိကြဖို့ NLD ပါတီ ဗဟို ကော်မတီဝင် တွေက ပြောပါတယ်။

ဆက်လက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ အကောင်အထည် ဖော်မဲ့ UPDJC ကော်မတီ မှာ ရွေးကောက်ပွဲမှာ အရွေးချယ် မခံခဲ့ရတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေ ပါရှိနေတာကို တော့ NLD ပါတီ အနေနဲ့ လက်မခံ လိုတဲ့ အကြောင်း ဦးဝင်းထိန်က ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
NLD ဗဟိုကော်မတီဝင်တွေနဲ့ အပစ်ရပ် ၅ ဖွဲ့ က ခေါင်းဆောင်တွေ တွေ့ဆုံ  NLD ဗဟိုကော်မတီဝင်တွေနဲ့ အပစ်ရပ် ၅ ဖွဲ့ က ခေါင်းဆောင်တွေ တွေ့ဆုံ Reviewed by THITHTOOLWIN on 14:06 Rating: 5
Powered by Blogger.