NLD ဦးဥာဏ်ဝင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တိုကျိုမြို့မှာ တွေ့ဆုံ

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း တို့ နိုဝင်ဘာလ ၂၇ ရက်နေ့က တိုကျိုမြို့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံကြစဉ်။ Photo: Ministry of Foreign Affairs of Japan Website
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို တိုကျိုမြို့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

NLD အစိုးရဖွဲ့ပြီးရင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျပန်ကို အရင်ဆုံးလာနိုင်ဖို့ သူတို့အနေ နဲ့ မျှော်လင့်နေတဲ့ကြောင်း၊ အာဏာလွှဲပြောင်းရေးချောမွေ့အောင် ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

ဦးဉာဏ်ဝင်းကလည်း အနာဂတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာတွေ အထူးအရေးပါကြောင်း ပြောဆိုခဲ့ပါတယ်။ ဦးဉာဏ်ဝင်းဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရားဝင်ဖိတ်ကြားချက်အရ မနေ့ကလို့ တိုကျိုမြို့မှာ ရောက်ရှိနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
NLD ဦးဥာဏ်ဝင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တိုကျိုမြို့မှာ တွေ့ဆုံ NLD ဦးဥာဏ်ဝင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တိုကျိုမြို့မှာ တွေ့ဆုံ Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.