Kurdish သူပုန်နဲ့ တူရကီတပ်အကြား တိုက်ပွဲ ပြင်းထန်

Silvan မြို့မှာ တွေ့ရတဲ့ စစ်ကားများ (Credit: AFP) 
တူရကီနိုင်ငံ ​အရှေ့တောင်ပိုင်းမှာ ​Kurdish ​သူပုန်နဲ့ ​တူရကီ ​တပ်တွေအကြား ​တိုက်ပွဲတွေ ​ပြင်းထန်နေပြီး ​လူပေါင်း ​တစ်သိန်းနီးပါးလောက် ​ဒုက္ခရောက်နေကြပါတယ်။

Silvan ​မြို့ကို ​တူရကီ ​စစ်သားတွေက ​ထိုးစစ်ဆင်တာ ​ဖြစ်ပြီး ​ရဟတ်ယာဉ်တွေ၊ ​တင့်ကားတွေရဲ့ ​အကူအညီနဲ့ ​ထိုးစစ်ဆင်နေတာ ​ဖြစ်ပါတယ်။

ဒီထိုးစစ်ဆင်မှုကြောင့် ​Kurdish ​လူမျိုး ​မြို့ခံ ​အယောက်ပေါင်း ​ကိုးသောင်းလောက် ​အစားအစာ၊ ​ရေနဲ့ ​လျှပ်စစ်မီး ​မလုံလောက်မှုတွေနဲ့ ​ကြုံတွေ့နေရပြီလို့ ​မြို့အာဏာပိုင်က ​ပြောပါတယ်။

တူရကီ ​စစ်တပ်က ​လူအစုလိုက် ​အပြုံလိုက်ကို ​သတ်ဖြတ်ဖို့ ​ကြိုးစားနေသလိုပဲလို့လည်း ​စွပ်စွဲလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ​ဖြစ်ပွားခဲ့တဲ့ ​တိုက်ခိုက်မှုအတွင်း ​စစ်သား ​တစ်ယောက် ​ကျဆုံးပြီး ​လေးယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

Kurdish ​သူပုန်ဘက်က ​၅ ​ဦး ​ကျဆုံးခဲ့ပြီး ​တိုက်ခိုက်မှုတွေ ​ဆက်လုပ်သွားမယ်လို့ ​တူရကီ ​အစိုးရက ​ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ ​Mardin ​ဒေသမှာ ​Kurdish ​သူပုန်တွေက ​ကားဗုံးတစ်လုံး ​ဖောက်ခွဲခဲ့လို့ ​ရဲတစ်ဦး ​ဒဏ်ရာရပြီး ​စည်ပင်အမှုထမ်းတစ်ယောက် ​သေဆုံးခဲ့ရပါတယ်။

အင်္ဂါနေ့တုန်းကတော့ ​ခရီးသွားနေတုန်း ​တိုက်ခိုက်ခံရတဲ့အတွက် ​တူရကီရဲ ​၃ ​ဦး ​သေဆုံးခဲ့ရပါတယ်။

ဇူလိုင်လကစပြီး ​တူရကီ ​တပ်နဲ့ ​Kurdish ​သူပုန်အကြား ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီမှု ​ချိုးဖောက်ပြီးတဲ့နောက် ​တိုက်ခိုက်မှုတွေ ​ဆက်တိုက် ​ဖြစ်ပွားနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Kurdish သူပုန်နဲ့ တူရကီတပ်အကြား တိုက်ပွဲ ပြင်းထန် Kurdish သူပုန်နဲ့ တူရကီတပ်အကြား တိုက်ပွဲ ပြင်းထန် Reviewed by THITHTOOLWIN on 12:40 Rating: 5
Powered by Blogger.