Kurdish စစ်သားများ (Credit: Reuters) |
အမေရိကန်က ဦးဆောင်တဲ့ မဟာမိတ် လေတပ်က ဝေဟင်ကနေ ကူညီတိုက်ခိုက်ပေးနေတာ ဖြစ်တယ်လို့လည်း Kurdish အဖွဲ့က ပြောပါတယ်။
Kurdish တပ်ဟာ Syrian Democratic Forces လို့ခေါ်တဲ့ ဆီးရီးယား အစိုးရကို ဆန့်ကျင်တဲ့ အုပ်စုနဲ့ ပူးပေါင်းပြီး IS ကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Kurdish တပ်တွေရဲ့ လက်ချက်ကြောင့် IS ဘက်က စစ်သား ၂၀၀ ကျဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝေဟင်တိုက်ခိုက်မှုကြောင့် နောက်ထပ် IS တပ်သား ၁၉၅ ယောက် ကျဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အဲဒီလို အခြေအနေကြောင့် IS အဖွဲ့ဟာ မြို့ထဲကနေ ထွက်ပြေးပြီး ကျေးရွာတွေမှာ ပုန်းအောင်းနေရတယ်လို့ ဆိုပါတယ်။
ဆီးရီးယား အစိုးရပိုင် စစ်တပ်စခန်းကိုလည်း IS အဖွဲ့က ၅ လကြာ သိမ်းပိုက်နိုင်ပေမယ့် အခုအခါမှာ Kurdish တပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ပြင်သစ်ကလည်း တိုက်ခိုက်မှုကို တိုးချဲ့
IS ရဲ့ အကြမ်းဖက်မှုကို ခံခဲ့ရတဲ့ ပြင်သစ်နိုင်ငံကလည်း ထိုးစစ်ဆင်မှုတွေ တိုးချဲ့လုပ်ကိုင်နေပါတယ်။
တနင်္လာနေ့တုန်းကပဲ ဆီးရီးယားနိုင်ငံက IS ကို ဝေဟင်ကနေ ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို စစ်သင်္ဘောကနေလည်း လှမ်းပစ်ခတ်တာမျိုး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်မှုအတွင်း IS အဖွဲ့ရဲ့ command စင်တာ တစ်ခုကို ဖျက်သိမ်းနိုင်လိုက်သလို တခြား စစ်သုံးပစ္စည်းတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တနင်္လာနေ့မှာပဲ အီရတ်နိုင်ငံမှာရှိတဲ့ IS ကိုလည်း ပြင်သစ်က ပထမဆုံးအကြိမ် တိုက်ခိုက်မှုတွေ လုပ်လိုက်ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က အကြမ်းဖက် ဖြစ်ပေါ်ပြီးတဲ့နောက် ပြင်သစ် အစိုးရက IS အဖွဲ့အပေါ် တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို တိုးချဲ့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အလားတူ ဗြိတိန်ကလည်း Cyprus မှာ ရှိတဲ့ သူတို့ရဲ့ လေတပ် စခန်းကို အသုံးပြုပြီး IS ကို တိုက်ခိုက်မှု လုပ်နိုင်တယ်လို့ ပြင်သစ်ကို ကမ်းလှမ်းထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
IS အပေါ် အနိုင်ရရှိနေလို့ Kurdish တပ်ပြော
Reviewed by THITHTOOLWIN
on
09:18
Rating: