လှိုင်သာယာ စက်မှုဇုန်(၂)ရှိ BOSS တည်းခိုခန်း မီးလောင်


(၃.၁၁.၂၀၁၅)ရက်နေ့၊(၀၁း၀၅)အချိန်တွင်လှိုင်သာယာမြို့နယ်၊လှိုင်သာယာစက်မှုဇုံ(၂)၊ဈေးလမ်း၊ တိုက်အမှတ်(F)တွင် ပိုင်ရှင် ဒေါ်သန္တာဝင်း၏ BOSS (တည်းခိုးခန်း) RC(၆)ခန်းတွဲ (၂)ထပ်ခွဲ (၁၉×၅၀)ပေ သွပ်မိုး၊ ကွန်ကရစ်ခင်းတွင် မျက်နှာကြက်အတွင်း သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအတွင်း အမိုးမှယိုသည့်မိုးရေများ ၀ါယာကြိုးအဆက်သို့ ၀င်ရောက်၍ လျှပ်စစ်မီးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၂၄)စီး၊ အထောက်အကူပြု ယာဉ်(၈)စီး၊ မိတ်ဖက်ယာဉ်(၂)စီး၊ သန္ဓေ(၁၆၃)စီး၊ အရန်(၁၂၆)ဦး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ရာ (၀၁း၄၅)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် အခန်းအမှတ် ( F-1)(F-2)(F-3) မှ အတွင်းပစ္စည်း များနှင့် မျက်နှာကြက်များ မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၂၀၀၀၀၀၀ိ/- (ကျပ် နှစ်ဆယ်သိန်း) ခန့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Myanmar Fire Services Department
https://www.facebook.com/fsd.gov
လှိုင်သာယာ စက်မှုဇုန်(၂)ရှိ BOSS တည်းခိုခန်း မီးလောင်   လှိုင်သာယာ စက်မှုဇုန်(၂)ရှိ  BOSS တည်းခိုခန်း မီးလောင် Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.