ပြင်သစ်ရဲ တွေ ထုတ်ပြန်လိုက်တာ ဟာ M. Al Mahmod ဆိုတဲ့ နာမည် ပိုင်ရှင် ရဲ့ ဓာတ်ပုံ ဖြစ်တယ် လို့ ဘီဘီစီ အနေနဲ့ နားလည် ထားပါတယ်။ |
အဲဒီ့ သူဟာ ပြင်သစ် အမျိုးသား ဘောလုံးကွင်း စတာဒါဖရန့်စ် မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ပစ်ခဲ့တာပါ။
အဲဒီ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မျက်မြင်တွေ့ မြင် ခဲ့ကြ သူတွေ ကို ရဲတပ်ဖွဲ့ နဲ့ ဆက်သွယ်ဖို့ လည်း တိုက်တွန်း ထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ လ က ဆီးရီးယား ကနေ တူရကီ ၊ တူရကီ ကနေ ဂရိ ကျွန်း လီရော့စ် ကို ကူးလာပြီး ဥရောပ ထဲ ဝင်ရောက် လာသူ ဖြစ်တယ် လို့ ယူဆ ရပါတယ်။
သူနဲ့ အတူ ပဲရစ်မြို့ ကို တိုက်ခိုက် ခဲ့သူတွေ ထဲ က အာမက်ဒ် အယ်လ် မိုဟာမက်ဒ် ဆိုတဲ့ နောက်တစ်ဦး လည်း အတူ လိုက်ပါ လာခဲ့ပါတယ်။
အေသင် မြို့တော် က ဘီဘီစီ သတင်းထောက် ရဲ့ အဆိုအရ အဲဒီ့ နှစ်ဦး ပါဝင် တဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ အုပ်စုထဲမှာ နောက်ထပ် ၄ ဦး လည်း ပါဝင် ခဲ့ပြီး အဲဒီ့ သူတွေ အခု ဘယ်ရောက် နေသလဲ ဆိုတာ မသိရဘူး လို့ ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ပဲရစ် အသေခံဗုံးခွဲသမား နောက်တစ်ဦးရဲ့ ဓာတ်ပုံကို ထုတ်ပြန်
Reviewed by THITHTOOLWIN
on
09:14
Rating: