ကျောက်မဲမြို့နှင့် လားရှိုးမြို့တို့တွင် ချိန်ကိုက်မိုင်းများတွေ့ရှိ တာဝန်ရှိသူများမှ အချိန်မီဖယ်ရှားရှင်းလင်း



နေပြည်တော်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ ရပ်ကွက်(၁)၊ Green Luck ဓာတ်ဆီဆိုင် ဆီပန့်အနီးရှိ ပီပါတစ်ဝက်ပြတ် သဲပုံးပေါ်တွင် နိုဝင်ဘာ ၂၅ ရက်န ည ၈ နာရီ ၂၀ မိနစ်တွင် မသင်္ကာဖွယ် ကတ်ထူပုံး (၁) ပုံးတွေ့ရှိသဖြင့် ဓာတ်ဆီဆိုင်နှင့် ပေ (၃၀) ခန့်အကွာရှိ အုတ်ခုံပေါ်သို့ ရွှေ့ပြောင်း ထားကြောင်း သတင်းအရ ကျောက်မဲ မြို့မရဲစခန်းမှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ အဆိုပါ ကတ်ထူပုံးအတွင်း ချိန်ကိုက်မိုင်း ထည့်သွင်းထားသည်ဟု ယူဆရသဖြင့် ကျောက်မဲ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မှ တပ်မတော်သားများနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တပ်မတော်သားများ ပူးပေါင်း၍ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ပြီး Water Bottle နည်းဖြင့် ဖောက်ခွဲရှင်းလင်းခဲ့ရာ ကတ်ထူပုံး အတွင်းမှ အမြင့်(၅)လက်မရှိ PVC (၉) လက်မပိုက်အတွင်း TNT(၂၀၀)ဂရမ် ယမ်းတုံး(၄)တုံး၊ (၂×၁) လက်မခန့်ရှိ သံတိုသံစနို့ဆီဗူး(၄)ဗူးခန့်၊ Digital ချိန်ကိုက်နာရီ(၁)လုံး၊ ၉ ဗို့ ဓာတ်ခဲ(၂)လုံးနှင့် အရှည် (၂) ပေခန့်ရှိ ယမ်းကြိုးခွေ(၁)ချောင်းတို့ တွေ့ရှိ သိမ်းဆည်းခဲ့သည်။


ထို့ပြင် နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ဘူတာရှေ့ ပန်းခြံအဝိုင်းဘေး ခြုံပုတ်အစပ်တွင် မသင်္ကာဖွယ်ရာ အထုပ်(၁)ထုပ် တွေ့ရှိကြောင်း တာဝန်သိ ခရီးသွားပြည်သူ တစ်ဦး၏ သတင်းပေးချက်အရ လားရှိုး မီးရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ချိန်ကိုက်မိုင်းဟု ယူဆရသော အထုပ်(၁)ထုပ် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အထက်ဌာန များသို့ ဆက်လက် သတင်းပေးပို့ခဲ့ပြီး အဆိုပါနေရာအား နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဘေးအန္တရာယ် ကင်းရှင်းရေး/လုံခြုံရေး ဆောင်ရွက်ခဲ့သည်။ နံနက် ၉ နာရီအချိန်တွင် အဆိုပါနေရာသို့ စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တပ်မတော်သားများနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ ရောက်ရှိ လာပြီး မသင်္ကာဖွယ် အထုပ်အား ရှင်းလင်းခဲ့ရာ အိတ်အတွင်းမှ အလျား(၈)လက်မ၊ အမြင့်(၆)လက်မ ခန့်ရှိ ကတ်ထူစက္ကူပုံ အတွင်း၌ (၄×၂×၁)လက်မခန့်ရှိ TNT 200 ဂရမ်ခန့်စီရှိ ယမ်းတုံး(၄)တုံး၊ အရှည်(၆)လက်မခန့်ရှိ အနီရောင်ယမ်းကြိုး(၂)ချောင်း၊ အရှည်(၃)လက်မခန့်ရှိ အနီရောင် ယမ်းကြိုး (၂၆)ချောင်း၊ ဖယောင်းဖြင့် မံထားသည့် သံဘောစေ့များပါ(၄)ကတ်၊ ဆပ်ပြာခွက် အောက်ခံ(၃)ခု၊ မီးခလုတ်(၁)ခု၊ Digital ချိန်ကိုက်နာရီ(၁)လုံးနှင့် ၉ ဗို့ ဓာတ်ခဲ(၂)လုံးတို့ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်မဲမြို့နှင့် လားရှိုးမြို့တို့တွင် ချိန်ကိုက်မိုင်းများတွေ့ရှိ တာဝန်ရှိသူများမှ အချိန်မီဖယ်ရှားရှင်းလင်း   ကျောက်မဲမြို့နှင့် လားရှိုးမြို့တို့တွင် ချိန်ကိုက်မိုင်းများတွေ့ရှိ တာဝန်ရှိသူများမှ အချိန်မီဖယ်ရှားရှင်းလင်း Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.