ရွာပြန်ကောက်ရိတ်သည့် စစ်ရှောင်ရွာသားများ ဖမ်းဆီးရိုက်နှက်ခံရ


နိုဝင်ဘာလ ၂၄ ရက် ၂၀၁၅

သျှမ်းပြည်အလယ်ပိုင်းက တလကျော်ကြာဖြစ်ပွါးနေသော တိုက်ပွဲကြောင့် ၀မ်ဝစစ်ရှောင်စခန်းသို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံတဦး နေရပ်ပြန် ကောက်ရိတ်ရာတွင် အစိုးရစစ်တပ်၏ ဖမ်းဆီး ရိုက်နှက်ခြင်းခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်မနက်ပိုင်းက ၀မ့်ဝ စစ်ရှောင်စခန်းရောက် မိုင်းအာတ်ရွာသား စိုင်းပီး အသက် ၃၂ နှစ်က ရွာသား ၂ ဦးနှင့်အတူ ရွာပြန်ကောက်ရိတ်စဉ် အစိုးရစစ်ကြောင်းနှင့်ပက်ပင်းတိုးမိပြီး ဖမ်းဆီးရိုက်နှက်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

“မနက်စောစောကတည်းက စခန်းကနေ ထွက်သွားတာ စိုင်းပီးက။ နေ့ခင်း ကောက်ရိတ်ပြီးထမင်း စားပြီး ၀မ်ဝပြန်လာမလို့လုပ်တုန်း စစ်ကြောင်းနဲ့တွေ့ပြီးအဖမ်းခံရတယ်။ သျှမ်းစစ်သားဘယ်မှာလဲ မေးတယ်။ ဒီနားတ၀ိုက်က စစ်သားတွေနေတဲ့နေရာလို့ပြောတော့ သူ့ကိုဖမ်း လက်ကိုနောက် ပြန် ကြိုးတုပ်ပြီး ဗမာစစ်စခန်းမှာလာချုပ်ထားတယ်။ ရိုက်တယ်။ သူခေါင်းကွဲ သွားတယ်။ ညဘက် သူ ထွက်ပြေးလို့လွတ်လာတယ်။ ကျန်တဲ့ ၂ ယောက်တော့ အဖမ်းခံထားရတုန်း လို့ကြား တယ်”- ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသည့် မိုင်းရှူးရှိ လူငယ် စိုင်းစိုင်း ကပြော သည်။

စိုင်းပီးသည် ယခု ၀မ့်ဟိုင်းဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်းသိရသည်။

ရွာမပြန်ခင်က စိုင်းပီးအား မိသားစုက တားမြစ်သော်လည်း စပါးအညှောင့် ထပ်ထွက်မည်စိုးသဖြင့် အရဲစွန့်ကာ ရွာပြန်ကောက်ရိတ်ရခြင်းဖြစ်ကြောင်း စိုင်းပီးက ပြန်လည်ြေ ပာပြသည်ဟုဆိုပါသည်။

ဝမ်ဝ စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် ၁၀၀၀ ကျော်ရောက်ရှိခို လှုံနေကြောင်း လည်းသိရသည်။

ဝမ့်ဟိုင်းဌာနချုပ်တောင်ဘက်ရှိ ဟိုင်းပါတိုက်နယ်ဝင် မိုင်းအတ်ရွာဘက်တွင် ရလခတိုင်းလက်အောက်ခံ ကျေးသီး၊ကွန်ဟိန်းမှတပ်များလှုပ်ရှားနေကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ရွာပြန်ကောက်ရိတ်သည့် စစ်ရှောင်ရွာသားများ ဖမ်းဆီးရိုက်နှက်ခံရ   ရွာပြန်ကောက်ရိတ်သည့် စစ်ရှောင်ရွာသားများ ဖမ်းဆီးရိုက်နှက်ခံရ Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.