ထိုင်းနိုင်ငံ စစ်တပ်မှ ဗိုလ်မှူးအဆင့် ရှိသူ တဦး မြန်မာနိုင်ငံအတွင်းသို့  ထွက်ပြေး တိမ်ရှောင်



 ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ကာကွယ်ရေးဌာန မှာ လုပ်တဲ့ စစ်ဘက်ဆိုင်ရာ အစည်းအဝေးမှာ သတင်းထောက်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့တာကတော့ ထိုင်းနိုင်ငံတပ်မတော်မှ ဗိုလ်မှူး အဆင့်ရှိ အရာရှိတဦးမှာ မြ၀တီ မဲဆောက် နယ်စပ် ဂိတ်တံတားမှ မြန်မာဘက်သို့  အောက်တိုဘာ (၃၁)ရက်နေက တိမ်းရှောင်သွား ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အရာရှိကို မြန်မာဘက်မှ တိုင်းရင်းသားအဖွဲ့ တဖွဲ့ က ကားတစီးဖြင့် စောင့်ကြိုခေါ်ဆောင်သွားခဲ့ခြင်းအတွက် မြန်မာအာဏာပိုင်များနဲ့  ဆက်သွယ်ပြီး အဆိုပါ ထိုင်းဗိုလ်မှူးကို ပြန်လည်လွဲအပ်ရန် စစ်ဘက်အာဏာပိုင်ချင်း တောင်းဆို ထားတယ်လို့ လည်း သိရပါတယ်။

ထိုင်းအစိုးရ၏ အမြင့်ဆုံး ပြစ်မှုဖြစ်တဲ့ ပုဒ်မ ၁၁၂ (တိုင်းပြည်၏ အမြင်ဆုံး ဘုရင့်မိသားစုအား စော်ကားခြင်း(သို့ ) ဘုရင်နှင့်ပါတ်သက်၍ အမည်တတ်၍ ကိုယ်ကျိုးရှာခြင်း ) အမှုတွင် အဆိုပါ အရာရှိက ပါဝင်ပါတ်နေလို့  စစ်ရုံးချုပ်က သတင်းပို့ ရန် ညွှန်ကြားချက် ရောက်လာစဉ် ထွက်ပြေးတိမ်ရှောင်သွား ခဲ့ခြင်းဖြစ်သည်။

The Nation
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းနိုင်ငံ စစ်တပ်မှ ဗိုလ်မှူးအဆင့် ရှိသူ တဦး မြန်မာနိုင်ငံအတွင်းသို့  ထွက်ပြေး တိမ်ရှောင်  ထိုင်းနိုင်ငံ စစ်တပ်မှ ဗိုလ်မှူးအဆင့် ရှိသူ တဦး မြန်မာနိုင်ငံအတွင်းသို့  ထွက်ပြေး တိမ်ရှောင် Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.