မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တွင် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား တောအတွင်း တစ်နေရာ၌ သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စအား မကျေနပ်သဖြင့် ယခုလ (၅)ရက်နေ့တွင် လာရောက် တိုင်တန်းခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ(၂၈)ရက်နေ့ နံနက် (၇)နာရီအချိန်က တောင်တွင်းကြီး မြို့နယ်၊ ကျောက်တောင် ကျေးရွာနေ မ---- (၂၂)နှစ်သည် နေအိမ်မှ ယာတောတွင် ပဲတီစိမ်း ကောက်နေသော ၎င်း၏ခင်ပွန်းဖြစ်သူထံ ထမင်းပို့ရန် ထွက်လာရာ တောလမ်းကွေ့ အရောက်တွင် တစ်ရွာတည်းနေ ကို......(၃၁)နှစ်သည် ဓားကိုင်ထွက်လာပြီး မ------ ရှေ့ရောက်လာကာ မအော်နဲ့ အော်ရင် သတ်ပစ်မည်ဟု ပြောဆို၍ မ-----အား ဖက်လှဲကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။
ယင်းသို့ ခြိမ်းခြောက်ကာ သားမယားပြုကျင့်သူ ကို......အား အရေးယူပေးရန် မ-----က တရားလိုပြု တိုင်ကြားခဲ့သောကြောင့် တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်း နယ်မြေရဲစခန်းမှ (ပ)၄၀/ ၂၀၁၅၊ ပုဒ်မ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
The Messenger Media
http://messengernewsjournal.com
သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အဓမ္မကျင့်
Reviewed by THITHTOOLWIN
on
11:22
Rating: