ပြည်လမ်းစိန်ရတုခန်းမအလွန်တွင် ၁၇၄ ယာဉ်လိုင်းမှ ယာဉ် (၈) စီးဆင့် တိုက်မှုဖြစ်ပွား


 နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက် (၈) နာရီခွဲခန့်က ပြည်လမ်းအတိုင်းမောင်းနှင်လာတဲ့ ၁၇၄ ယာဉ်လိုင်းဟာ စိန်ရတုခန်းမအလွန်မှာ အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာ ၁၇၄ ယာဉ်လိုင်းမှ မီးပွိုင့်ရပ်စောင့်နေတဲ့ယာဉ် ၈ စီးကို အဆင့်ဆင့်တိုက်ပြီး လမ်းလယ်မှာ ဈေးရောင်းနေတဲ့အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ၁၇၄ ယာဉ်လိုင်းမှ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ကမာရွတ်မြို့မရဲစခန်းမှ ယာဉ်မှုစစ်အနေနဲ့ အတိုက်ခံရတဲ့ ယာဉ်မောင်းများကို အမှုတိုင်ကြားနိုင်ရန် စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။၁၇၄ ယာဉ်လိုင်းမှ တာဝန်ရှိသူက ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ၁၇၄ ယာဉ်လိုင်းရုံးချုပ်ကို တင်ပြပြီး အတိုက်ခံရတဲ့ကားတွေကို ပြန်လည်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

အတိုက်ခံရတဲ့ ယာဉ်မောင်းတစ်ဦးကတော့ ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။၁၇၄ ယာဉ်လိုင်းမှ ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းကို ယာဉ်မှုစစ်အနေနဲ့ ယာဉ်လိုင်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစုံစမ်းပြီး ဖမ်းဆီးရမိပါက ဥပဒေကြောင်းအရ အရေးယူမှုပြုလုပ်သွား မယ်လို့သိရပါတယ်။

MRTV-4
http://www.mrtv4.com.mm
ပြည်လမ်းစိန်ရတုခန်းမအလွန်တွင် ၁၇၄ ယာဉ်လိုင်းမှ ယာဉ် (၈) စီးဆင့် တိုက်မှုဖြစ်ပွား  ပြည်လမ်းစိန်ရတုခန်းမအလွန်တွင် ၁၇၄ ယာဉ်လိုင်းမှ ယာဉ် (၈) စီးဆင့် တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.