စွန့်ပစ်မြေစာပုံ ပြိုကျရာမှ လူပေါင်းရာချီ ပျောက်ဆုံးလျက်ရှိ


 ဖားကန့် နိုဝင်ဘာ ၂၁

 ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခတ်ကူးကျေးရွာတွင် ယနေ့ နံနက်က စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် အိမ်ခြေ ၈ဝ ခန့် မြေမြုပ်ကာ လူပေါင်းရာချီ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ပြိုကျသွားသည့် မြေစာပုံ အောက်ခြေတစ်ဝိုက်တွင် ရေမဆေးကျောက် ရှာဖွေသည့်လုပ်ငန်း လုပ်ကိုင်လျက်ရှိကြသည့်တဲအများအပြားရှိပြီး မြေစာပုံပြိုကျချိန်မှာ ဒေသခံများတဲများအတွင်း အိပ်နေကြချိန်ဖြစ်၍ လူသေဆုံးမှုများနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါ မြေပြိုကျမှုဖြစ်ရာသို့ သက်ဆိုင်ရာ အာဏာပိုင်များနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိပြီဖြစ်သည်။

ယခုပြိုကျသည့် မြေစာပုံသည် ဖားကန့်ဒေသ၌ စက်ယန္တရားကြီးများသုံးပြီး ကျောက်တူးဖော်ရေးလုပ်ငန်းများမှ စွန့်ပစ်ထားခြင်းဖြစ်ပြီး ယခု နှစ်အတွင်း အနည်းဆုံး ငါးကြိမ် ပြိုကျပြီးဖြစ်သည်ဟု ဆင်ဟွာသတင်း တစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
စွန့်ပစ်မြေစာပုံ ပြိုကျရာမှ လူပေါင်းရာချီ ပျောက်ဆုံးလျက်ရှိ   စွန့်ပစ်မြေစာပုံ ပြိုကျရာမှ လူပေါင်းရာချီ ပျောက်ဆုံးလျက်ရှိ Reviewed by THITHTOOLWIN on 09:03 Rating: 5
Powered by Blogger.