ပြည်သူလူထုအနေနှင့် နိုဝင်ဘာ ၈ တွင်လည်း တည်ငြိမ် သိက္ခာ ရှိစွာ ရပ်တည်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူး တင်လွှာဖြင့် ပန်ကြား

၁-၁၁-၂၀၁၅ နေ့၌ သုဝဏ္ဏ မြို့ ဦးစေတီ ဘောလုံးကွင်းအတွင်းတွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးဟောပြောပွဲသို့ လာရောက်အားပေးကြသည့် ပြည်သူလူထုပရိတ်သတ်ကြီးသည် အံ့မခန်းလောက်အောင် စည်းကမ်းသေ၀ပ် တည်ငြိမ်စွာ ရှိခဲ့ကြသည်။ ကျမတို့နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာဖြစ်ပါသဖြင့် များစွာကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

၈-၁၁-၂၀၁၅ နေ့တွင် ကျရောက်မည့် ရွေးကောက်ပွဲသည် ကျမတို့နိုင်ငံအတွက် အမှန်တကယ်အောင်ပွဲဖြစ်စေရန် ပြည်သူတစ်ရပ်လုံး ယခုကဲ့သို့ တည်ငြိမ်သိက္ခာရှိစွာ ဆက်လက်ရပ်တည်သွားကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

အောင်ဆန်းစုကြည်


News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပြည်သူလူထုအနေနှင့် နိုဝင်ဘာ ၈ တွင်လည်း တည်ငြိမ် သိက္ခာ ရှိစွာ ရပ်တည်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူး တင်လွှာဖြင့် ပန်ကြား   ပြည်သူလူထုအနေနှင့် နိုဝင်ဘာ ၈ တွင်လည်း တည်ငြိမ် သိက္ခာ ရှိစွာ ရပ်တည်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူး တင်လွှာဖြင့် ပန်ကြား Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.