တပ်မတော်မှ အရေးယူပြီးနောက် နေ၀င်းအောင်အား မုဒိမ်းမှုဖြင့် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုနိုင်ရန် ရဲကစီစဉ်


စစ်တွေ၊ နိုဝင်ဘာ ၁၂

ယခင် တပ်မတော်သား တစ်ဦးဖြစ်သည့် နေ၀င်းအောင်အား တပ်မတော် စစ်ခုံရုံးမှ တပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ပြီးနောက် ရဲတပ်ဖွဲ့မှ အသက် ၈ နှစ်အရွယ် မိန်းခလေးငယ် တစ်ဦးအား မုဒိမ်းပြုကျင့်မှုဖြင့် အရပ်ဘက် တရားရုံးတွင် ဆက်လက် တရားစွဲဆိုရန် စီစဉ်နေသည်ဟု သိရသည်။

ခမရ ၃၅၄ တပ်ရင်းမှ တပ်သား နေ၀င်းအောင်အား စစ်ခုံရုံးမှ တပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်များချမှတ်ပြီးနောက် နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက စစ်တွေထောင်သို့ ပို့ဆောင်ပြီးနောက် ထိုသို့ တရားစွဲဆိုရန် ရဲက စီစဉ်ခြင်း ဖြစ်သည်။

နေ၀င်းအောင်သည် စက်တင်ဘာလ ၂၁ ရက်နေ့က စစ်တွေမြို့ ဓည၀တီရပ်ကွက်တွင် နေထိုင်သူ အသက် ၈ နှစ်အရွယ် မဌေးဌေးစံအား မုဒိမ်းကျင့်မှုဖြင့် စွပ်စွဲခံထားရသည်။

“သူ့ကို ရဲစခန်းမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်ထားပါတယ်။ မြို့မရဲစခန်းကပဲ ထပ်ပြီးတော့ တရားစွဲဆိုသွားပါမယ်။ သူ့ကို တရားစွဲဆိုနိုင်တဲ့ အထောက် အထားတွေ ရဲလက်ထဲမှာ ရှိပါတယ်။ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ တရားစွဲဆိုသွားမှာဖြစ်ပါတယ်”ဟု ရဲအုပ်အေးခင်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

တရားစွဲရာ၌ ဥပဒေနှင့်အညီဖြစ်ရန် မြို့နယ်ဥပဒေအရာရှိထံ အကြံပြုချက် တင်ထားရပြီး အကြံတောင်းခံချက် ကျပြီးမှသာ တရားစွဲဆိုသွားမည်ဟု သိရသည်။

မုဒိမ်းကျင့်ခံရသူ မဌေးဌေးစံ အသက် ၈ နှစ်သည် ဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်း ကလေး ဆေးရုံတွင် သူ၏ နာတာရှည် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ဓါတ်ပုံ--ဆရာသန်းထွန်း face book
စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews
တပ်မတော်မှ အရေးယူပြီးနောက် နေ၀င်းအောင်အား မုဒိမ်းမှုဖြင့် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုနိုင်ရန် ရဲကစီစဉ်   တပ်မတော်မှ အရေးယူပြီးနောက် နေ၀င်းအောင်အား မုဒိမ်းမှုဖြင့် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုနိုင်ရန် ရဲကစီစဉ် Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.