အင်တာနက်မှ တစ်ဆင့် ချစ်ကြိုက်ပြီး ပေါင်းသင်းရာမှ မယားကြီးရှိ၍ တစ်လင် တစ်မယား ဥပဒေဖြင့် အမှုဖွင့်


              အရာတော်မြို့နယ်တွင် အင်တာနက်၌ တွေ့ဆုံပြီး ပေါင်းသင်း နေထိုင်ခဲ့ရာမှ မယားကြီး ရှိကြောင်း အောက်တိုဘာလ (၃၁) ရက်နေ့မှ သိရှိရ၍ အဆိုပါ အမျိုးသားဖြစ်သူအား တစ်လင် တစ်မယား ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

         အရာတော်မြို့နယ်၊ ........ရွာနေ မ ........(၁၉) နှစ်သည် လွန်ခဲ့သော ငါးလခန့်က အင်တာနက်မှ တစ်ဆင့် တွေ့ရှိသူ ဦး........(ခ).....(၃၈) နှစ် ဘုတလင်မြို့နယ် နေထိုင်သူနှင့် ရည်းစားဖြစ်ပြီး ချိန်းတွေ့ရာမှ အတူ နေထိုင်ခဲ့ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။

          ယင်းသို့ တွေ့ဆုံစဉ် ဦး.......(ခ) .............မှ ၎င်းသည် အိမ်ထောင်မရှိကြောင်းနှင့် ကောင်းမွန်စွာ လုပ်ကိုင် ကျွေးမည်ဟု ယုံကြည်အောင် ပြောဆိုပြီး ၎င်း နောက်လိုက်ခဲ့ရန် ခေါ်သဖြင့် လိုက်သွားခဲ့ကြောင်း၊ ဦး.......(ခ).......၏ ဆွေမျိုးများ ဆီသို့ လိုက်လံ ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် လက်ထပ် ပေါင်းသင်းရန် အတွက် လာရောက် တောင်းရမ်းမည်ဟု ပြောဆိုကာ နေအိမ်သို့ ပြန်ပို့ခဲ့ပြီး၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် တစ်ဦးတည်း ရောက်လာကာ ၎င်းတွင် တရားဝင် ဇနီးရှိကြောင်း နှင့် မ.......(၁၉) နှစ်အား တရားဝင် ပေါင်းသင်းရန် အတွက် တောင်းရမ်းမည် ဖြစ်ကြောင်း ပြောပြခဲ့သည့် အတွက် မ........က မယားကြီး ရှိကြောင်း သိရှိခဲ့ရကြောင်း မှုခင်းမှတ်တမ်များ အရ သိရသည်။

          မယားကြီး ရှိလျက်နှင့် လိမ်လည်ကာ ပေါင်းသင်း နေထိုင်ခဲ့သည့် ဦး.........(ခ) ......အား အရေးယူပေးရန် မ......(၁၉) နှစ်က တိုင်းတန်းခဲ့သည့် အတွက် အရာတော်မြို့မ ရဲစခန်းမှ (ပ)၂၁၀/၂၀၁၅၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မူးရုံးထံမှ သိရသည်။

လင်းလင်းမောင်
The Messenger Media
http://messengernewsjournal.com
အင်တာနက်မှ တစ်ဆင့် ချစ်ကြိုက်ပြီး ပေါင်းသင်းရာမှ မယားကြီးရှိ၍ တစ်လင် တစ်မယား ဥပဒေဖြင့် အမှုဖွင့်  အင်တာနက်မှ တစ်ဆင့် ချစ်ကြိုက်ပြီး ပေါင်းသင်းရာမှ မယားကြီးရှိ၍ တစ်လင် တစ်မယား ဥပဒေဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.