အီဂျစ်တွင်ပျက်ကျခဲ့သော ရုရှားခရီးသည်လေယာဉ် အိုင်အက်စ်တို့၏ ထောင်ဗုံးကြောင့်ဖြစ်နိုင်


 နယူးယောက် နိုဝင်ဘာ ၅

 လွန်ခဲ့သောသီတင်းပတ်က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်အပေါ် ရုရှားလေကြောင်းလိုင်းပိုင် ခရီးသည်လေယာဉ်ပျက်ကျရခြင်းသည် အိုင် အက်စ်စစ်သွေးကြွအုပ်စုတို့ထောင်ထားသော ဗုံးတစ်လုံးကြောင့်ဖြစ်နိုင် သည့် အထောက်အထားတစ်ရပ် တွေ့ရှိထားပြီဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပလုံခြုံရေးသတင်းရပ်ကွက်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက် သည်။

အိုင်အက်စ်တို့သည် ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်တပ်မတော်နှင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားနေပြီ ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲ၏ရလဒ်အရ ပျက်ကျသော ခရီးသည်လေယာဉ်သည် အိုင်အက်စ်တို့၏ ထောင်ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း အဆိုပါသတင်းရပ်ကွက် များက ပြောသည်။

အဲဘတ်စ်အေ ၃၂၁ သည် စနေနေ့က ခရီးသည် ၂၂၄ ဦးနှင့်အတူ ရှရန် အယ်လ်ရှိတ်အပန်းဖြေစခန်းမှ ပျံတက်သွားပြီး မကြာမီဆိုင်းနိုင်းကျွန်းဆွယ် ပေါ်တွင် ပျက်ကျသွားခဲ့ရာ ခရီးသည်အားလုံးသေဆုံးခဲ့သည်။

အဆိုပါလေယာဉ်သည် ပေါက်ကွဲမှုတစ်ခုခုကြောင့် ပျက်ကျခဲ့ခြင်းဖြစ် နိုင်ကြောင်း၊ သို့သော်မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို မသိကြောင်း ဗြိတိန်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ကိုးကားပြောကြားသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အီဂျစ်တွင်ပျက်ကျခဲ့သော ရုရှားခရီးသည်လေယာဉ် အိုင်အက်စ်တို့၏ ထောင်ဗုံးကြောင့်ဖြစ်နိုင်   အီဂျစ်တွင်ပျက်ကျခဲ့သော ရုရှားခရီးသည်လေယာဉ် အိုင်အက်စ်တို့၏ ထောင်ဗုံးကြောင့်ဖြစ်နိုင် Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.