ပဲရစ်မြို့ တိုက်ခိုက်မှုအပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်ချက်



 ပဲရစ်မြို့ ကို အကြမ်းဖက် တိုက်ခိုက် တာဟာ သူတို့ အားလုံး အပေါ် တိုက်ခိုက် တာပဲ ဖြစ်တယ် ဆိုပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တွေ အားလုံး က ကြေညာ ချက် ထုတ်ပြန် ပါတယ်။

ပြင်သစ်ပြည်ကြီး ဘေးကင်း လုံခြုံဖို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ကြမယ် ဆိုပြီး တော့လည်း ကတိပေး ပြောဆို ထားပါတယ်။

အီတလီ နဲ့ ဘယ်လ်ဂျီယမ် အပါအဝင် နိုင်ငံတချို့ ကလည်း ပြင်သစ် နဲ့ နယ်စပ် တွေ မှာ လုံခြုံရေး တိုးမြှင့် လိုက် ပါတယ်။

ပိုလန် နိုင်ငံ မှာတော့ ဥရောပ ရေးရာ ဝန်ကြီး နေရာကို ဆက်ခံ တော့မယ့် ကော်န်ရတ် ရှီမန်စကီး က အခုလို အကြမ်းဖက်မှု မျိုး တွေ ကြောင့် ပိုလန် အနေနဲ့ ဥရောပ သမဂ္ဂ က သတ်မှတ် ထားတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ တွေ ကို အချိုးအစား ကိုယ်တာ အတိုင်း လက်ခံ ရယူရေး မူ ကို လက်သင့် မခံ နိုင်တာ ဖြစ်တယ် ဆိုပြီး ပြောပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် က ပဲရစ် မြို့တော် ကို တိုက်ခိုက် မု ဟာ အရိုင်းအစိုင်း တွေ ရဲ့ အပြအမူ အကြမ်းဖက် လုပ်ရပ် ဖြစ်တယ် လို့ ဆိုပြီး လူသား တို့ရဲ့ ယာက်ကျေးမှု အဆောက်အဦ ကို စိန်ခေါ် ထိုးနှက် ချက်လည်း ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီ့ တိုက်ခိုက်မှု တွေ အပေါ် စုံစမ်းရေး မှာ ရုရှား အစိုးရ အနေနဲ့ ပြင်သစ် နဲ့ အနီးကပ်ဆုံး ပူးတွဲ ဆောင်ရွက် သွားမယ် လို့လည်း သမ္မတ ပူတင် က ကတိ ပေး ပါတယ်။

တခါ၊ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က လည်း ဒီလုပ်ရပ် ဟာ ယာဉ်ကျေးမျု အမှောင်ကျ နေတဲ့ ဥရောပ အလယ်ခေတ် လုပ်ရပ် ဖြစ်သလို ခေတ်သစ် ဖက်ဆစ် ဝါဒ လည်း ဖြစ်တယ် ဆိုပြီး ပြင်းပြင်း ထန်ထန် ရှုတ်ချ ခဲ့ ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က တော့ အစွန်းရောက် တွေ က တိုက်ခိုက် လာတဲ့ ဥရောပ ရဲ့ စံတန်ဖိုး တွေကို ပြင်သစ် နဲ့ အတူ သွေးစည်း ညီညွတ် စွာနဲ့ လက်တွဲ ကာကွယ် သွားမယ် လို့ ဆိုပါတယ်။

ဗြိတိန် ဝန်ကြီး ချုပ် ဒေးဗစ် ကင်မရွန် ကလည်း ကျူးလွန် သူတွေ ကို ကြမ်းကြုတ်တဲ့ လူသတ်သမား တွေ ဆိုပြီး ရှုတ်ချ ပါတယ်။ ဒါ့အပြင် ပဲရစ် မြို့တော် အကြမ်းဖက် ခံရတာ ဟာ ဥရောပ တလွှား ၁၀ စုနှစ် အတွင်း အဆိုးဝါးဆုံး ဖြစ်ရပ် လို့ လည်း ပြောကာ သေဆုံးသူတွေ ထဲ ဗြိတိန် နိုင်ငံသား တွေ ပါဝင် နိုင်တယ် လို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ပဲရစ်မြို့ တိုက်ခိုက်မှုအပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်ချက်  ပဲရစ်မြို့ တိုက်ခိုက်မှုအပေါ် နိုင်ငံတကာရဲ့ တုန့်ပြန်ချက် Reviewed by THITHTOOLWIN on 05:35 Rating: 5
Powered by Blogger.