မိုင်းဖြတ် ပြည်သူ့လွှတ်တော်၏ ရလဒ်အရေအတွက် သည် မြို့နယ်ကော်မရှင်မှ ထုတ်ပြထားသည့်ထက် (၄)သောင်းကျော် ကွာ


 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သော ပြည်ခိုင်ဖြိုး ပါတီမှ ဦးလင်းဇော်ထွန်း၏ UEC မှ ထုတ်ပြန်သော မဲရလဒ်များမှာ မှားယွင်းလျှက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ဆန္ဒမဲပေးနိုင်သူ ဦးရေ(၁၉,၅၁၀)သာရှိပြီး ဦးလင်းဇော်ထွန်း၏ ဆန္ဒမဲရရှိမှုမှာ (၅,၄၅၃) ရှိကြောင်း မိုင်းဖြတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

"ကျွန်တော်တို့ မိုင်းဖြတ်မြို့နယ်အတွင်းမှာ ဆန္ဒမဲပေးနိုင်သူက (၁၉,၀၀၀)ကျော်ဘဲရှိတယ်၊ အဲ့လောက် မဲရတာတော့ ကျွန်တော်တို့လည်း မသိဘူး.." ဟု မိုင်းဖြတ်မြို့နယ် ရွေးကော်ပွဲကော်မရှင်ရုံးမှပြောသည်။

နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ထုတ်ပြန်သော အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မဲရလဒ်တွင် (၄၇,၁၀၅) ဟုဖေါ်ပြထားသည်။

မိုင်းဖြတ်မြို့နယ်အတွင်း အနိုင်ရ USDP ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအား ကြိုတင်မဲများနှင့် ပတ်သက်၍ နိုင်ငံရေး ပါတီ (၄) ပါတီမှ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်ထားကြောင်းသိရသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies/

မိုင်းဖြတ် ပြည်သူ့လွှတ်တော်၏ ရလဒ်အရေအတွက် သည် မြို့နယ်ကော်မရှင်မှ ထုတ်ပြထားသည့်ထက် (၄)သောင်းကျော် ကွာ   မိုင်းဖြတ် ပြည်သူ့လွှတ်တော်၏ ရလဒ်အရေအတွက် သည် မြို့နယ်ကော်မရှင်မှ ထုတ်ပြထားသည့်ထက် (၄)သောင်းကျော် ကွာ Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.